fattyNovember 3, 20101min1344
စနေ နှင့် တနင်္ဂနွေ နေ့များတွင် ရန်ကုန်ရှိ အိမ်ဆိုင်များ အပါအဝင် ဆိုင်အားလုံးပိတ်ရမည်ဖြစ်ကြောင်း အကြောင်းကြားလာပါသည်။ အကြောင်းကြားခံရသည့်မြို့နယ်များအသေးစိတ်မသိသေးပါ။ နီးစပ်ရာမေးမြန်းကြပြီး ဝယ်စရာရှိသည်များကြိုတင်ဝယ်ထားကြရန်


Nay MgMay 27, 20101min571
ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၁) တော်လှန်ရေးကောင်စီမတိုင်မှီ’ဖဆပလအစိုးရခေတ် ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းဦးနုှက သူ့ထံမှအာဏာကို သူအတော်ယုံကြည်ရသောဗိုလ်ချုပ်နေဝင်းမှ (၁၉၆၂) မတ်လတွင်သိမ်းယူလိုက်သောအခါ သူမည်မျှအထိခံစားခဲ့ရကြောင်း “တာတေစနေသား”တွင်ဖွင့်ဟဝန်ခံခဲ့သည်။ နီးစပ်သောအစိုးရအဖွဲ့ဝင်တို့ကကြိုတင်သတိပေးခဲ့သော်လည်း သူ့အပေါ်ဗိုလ်နေဝင်းမည်မျှသစ္စာရှိကြောင်းကြွားဝါခဲ့ပုံများ ကိုဖေါ်ပြထားခဲ့သည်။ အာဏာသိမ်းပြီးကာလအထိမ်းအသိမ်းခံနေရစဉ်အတွင်းပင်ဗိုလ်နေဝင်းကသူ့ကိုကြိမ်းသေလာ ကယ်ထုတ် လိမ့်မည်ဟုမှားယွင်းစွာတွက်ချက်မိခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုကျော်လောက်မှာပင် စစ်ဗိုလ်များကြီးစိုး သောအာဏာရှင်စနစ်မွေးဖွားလာခဲ့သည်။ ပင်လုံစာချုပ်ကမွေးဖွားသန့်စင်ပေးလိုက်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကပေးထားသည့်အခွင့်အရေးကိုအသုံးပြုလျက်ရှမ်းစော်ဘွားများကဖက်ဒရယ်မူကို တောင်းဆိုလာမည်ကိုစိုးရိမ်သည်ကတကြောင်း၊ ယင်းမူတောင်းဆိုချက်နှင့်အတူကူးစက်လာနိုင်သောအင်ဒိုချိုင်းနားအရေး ကိုစိုးရိမ်မိသည်ကတကြောင်း နှင့်ထိုစဉ်အခါက ဆန်းသစ်လာသော ဆိုရှယ်လစ်စနစ်ကိုထူထောင်ရန်စိတ်အားသန်သူ နိုင်ငံရေးသမားများကကြီးစိုးလာ သည်တို့ကတကြောင်းတို့ကြောင့် (၁၉၆၂)ခုမတ်(၂)ရက်နေ့တွင်ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သောတော်လှန်ရေးကောင်စီက အဏာကိုသိမ်းယူခဲ့ပါသည်။ နိုင်ငံ၏အခြေအနေမှာလည်း ‘ရန်ကုန်အစိုး၇’ ဟုခေါ်ရလောက်အောင် ပင်ဗဟိုအစိုးရအုပ်ချုပ်မှု အာဏာမှာအင်အားချည့်နဲခဲ့ရပါသည်။ ထိုစဉ်အခါကပြည်သူအပေါင်းတွင် ဘဝအာမခံချက် ကိုပေးနိုင်မည့် “ဗိုလ်ချုပ်အစိုး၇” ဟုမျှော်လင့်ချက်ပြင်းပြခဲ့သည်မှာအမှန်ပင်။ (၁၉၆၃) ဇူလိုင်လ(၇)ရက်တွင် ဖြစ်ပွာခဲ့သောကျောင်းသားအရေးအခင်းမှစ၍ လက်နက်အားကိုးနှင့်အုပ်ချုပ်လိုသောစစ်အစိုးရ၏ သရုပ်မှန်ကိုပြည်သူ အပေါင်းကမျက်ဝါးထင်ထင်မြင်လိုက်ရသည်မှစ၍စစ်တပ်အပေါ်ယုံကြည်အားကိုးမှုမှာ တရိပ်ရိပ်ကျဆင်းလာခဲ့ပါသည်။  သမိုင်းဆရာတို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ချုပ်ဆိုပေးခဲ့သောပင်လုံစာချုပ်၏ […]