ဟိုုတလောက Batman ရုုပ်ရှင် The Dark Knight Rises ကြည့်ပြီးကတည်းက Anne Hathaway ကိုုအားကျလိုု့  သူ့လိုု နှုုတ်ခမ်းနီ နီနီလေးဆိုုးတဲ့ ကြောင်မလေးဖြစ်ချင်တဲ့ ရောဂါထနေတာကြောင့်  သကြားလုုံးကြော် ကနေ  ကြောင်မလေး လိုု့နာမည်ပြောင်းမယ်စိတ်ကူးမိတယ်။ နောက်မှ ရွာထဲမှာ ကြောင်တော်တော်များရှိမှန်း သတိရသွားတော့ ကြောင်မလေး များရှိနေပြီးပြီလားမသိဘူး။  ကြောင်တွေက အဖေ ဦကြောင် အမေ ဒေါ်ကြောင် ဆိုုပြီး အမျိုးစပ်ရခက်လေတော့  နာမည်တူနေရင် လူတွေလိုု အဖနာမည်နဲ့ ခွဲလိုု့မရတော့ တူနေရင် မဖြစ်ဘူး ။ ၁ဝနှစ်တခါလူဦးရေကောက်သလိုု ရွာထဲက ကြောင်ဦးရေ ကောက်ထားတာများရှိရင် သိပ်ကောင်း။ (မျက်စိလျှင်မလျှင်ကစားခိုုင်းတဲ့ မဂ္ဂဇင်းထဲက ပဟေဋိ တွေလိုု ၊ အပေါ်က ပုုံထဲမှာ ကြောင်ဘယ်နှစ်ကောင်တွေ့ပါသလဲ)   ရွာထဲဝင်တာမကြာသေးတဲ့သူဆိုုတော့  ရွာထဲကသွားရာလမ်းလွဲ မြင်မိတဲ့  ဦးကြောင်ကြီး ၊ ကြောင်ဝတုုတ်၊ ကြောင်လတ်၊ ကြောင်လေး ……  စသည်ဖြင့် ကြောင်ပေါင်းများစွာက ရွာထဲမှာတမင်ဖွဲ့ထားတာလား […]