WowSeptember 30, 20132min21628
တဂယ့်ကြောင်ရီးတို့နေအိမ်ပါ…. 2008 ခုနှစ်လောက်ထဲက ကန်ထရိုက်တိုက်တွေ ဆောက်တော့ အဲဒီ့နားမှာပဲ အိမ်ငှားနေရင်းက ကိုယ်တိုင်လဲ သားသမီးမရှိတော့ နေ့စေ့လစေ့နဲ့ စနိုးဝှိုက်ဆိုတဲ့ကြောင်မကြီးကို စောင့်ရှောက်ထားရင်းကနေ တဖြည်းဖြည်း ကြောင်ဦးရေတိုးပွားလာပြီး အခု ကြောင်အကောင်ရေ ၃ဝ ကျော်ကို စောင့်ရှောက်ကျွေးမွေးထားပါတယ်။ တစ်နေ့တစ်နေ့ ကြောင်စာဖိုးက ၅၀၀ဝ လောက်ကုန်တယ်လို့သိရပါတယ်။ မနက်ပိုင်းကို ငါးအစိမ်း ၁ ပိသာ ဝယ်ကျွေးပီး.. . ညနေပိုင်းမှ ထမင်းနဲ့ ငါး၊ ကြက်ခေါင်းတွေနဲ့ ပြုတ်ကျွေးတယ်လို့ပြောပါတယ်။ စောင့်ရှောက်ထားတဲ့ အမကြီးက အဲဒီ့နား ရလွှာမှာနေပြီး၊ စီးပွားရေးက ယောက်ကျားလေးဆောင်ဖွင့်၊ အိမ်ခြံ မြေပွဲစားလုပ်ပါတယ်။ ကုန်ကျတာကို မငြိုငြင်ပေမဲ့ တိုက်ရှေ့ချောင်းဘေးနားလေးမှာ ကင်းတဲလေးလိုထိုးပြီး ကြောင်အကောင် ၃ဝ ကျော်ထားတဲ့ အခါ ရပ်ကွက်ထဲက တစ်ချို့တစ်လေက ကြောင်သေးစော်နံတယ် ဆိုပြီး ငြိုငြင်တာတွေလဲရှိတာကြောင့် […]