ဒီလိုဗျ… ကျွန်တော်တို့ ရွာသူရွာသားတွေနာမည်တွေက တကယ်ကို အနှောင့်အသွားမလွတ်… ပြသနာက လွန်ခဲ့တဲ့အပတ်က ဖုန်းလေးဖွင့် ဖွဘွတ်လေးကြည့်မိတော့… ရွာထဲက ကဗျာဆရာလေး မောင်အာဂက ဘာရေးတယ်မှတ်တုန်း… စိတ်ပျက်လက်ပျက်နဲ့ ကျောက်ခဲကို ဖင်ခုထိုင်မယ်ဆိုလား… ဘာလား… အမှန်သူကတော့ ဘာမှမရည်ရွယ်… အနှောင့်အသွားမလွတ်တာ ကျောက်ခဲဆိုတဲ့ ဦးကျောက်… ဘုရားတရတဲ့ဘဝရောက်သလို… သူငယ်ချင်းတွေကလဲ ဝိုင်းပြီး နည်းမျိုးစုံနဲ့ စိတ်ပူပေးရတယ်… —————————————————————————– ဟိုတစ်နေ့က ဈေးအသွား… အမေက မုန့်လှမ်းမှာတယ်… သားရယ်… ဈေးထဲမှာ ရွှေကြည်လေး (၁၀၀)ဖိုးလောက်ဝယ်ခဲ့ပါတဲ့…. စိတ်ထဲမှာတော့ ပြန်ပြောလိုက်မိတယ်… ရွှေကြည်က စလုံးရောက်သွားပြီ… ၁၀ဝ ဖိုးလဲခွဲရောင်းမယ့်ပုံမပေါ်ဘူးလို့… ရွာထဲက မိတ်ဆွေတွေနာမည်လေးတွဲတွဲမှတ်မိတာ… အဲ့လို… —————————————————————————– ဟိုနေ့က အဖွားက ကျွန်တော့်ကိုမှာတယ်… သားရယ်… လမ်းကြုံရင် ပဒုမ္မာဓာတ်ဗူး တစ်လုံးလောက်ဝယ်ခဲ့ပေးပါတဲ့… အဲ့လိုလဲ ပြောပြန်ရော… […]


“ဘယ်လဲအစ်ကို…” “လှည်းတန်းကို…” “၂၅၀ဝ ပါအစ်ကို…” ကားနောက်ခန်းတံခါးဖွင့်ပြီး… ခရီးသည်အသာလေးဝင်ထိုင်လိုက်သည်… ထို့နောက် စီးကရက်ကို ဟန်ပါပါဖြင့်မီးညှိလိုက်၏… ကျွန်တော်လဲ ကားကိုစက်အသာလေးနှိုးပြီး… ကားပိတ်သော… လမ်းကျပ်သော လှည်းတန်းကိုရင်ဆိုင်ရန် အားသစ်တစ်စုံတစ်ရာဖြင့် အပြင်းနှင်ခဲ့တော့သည်… ကျွန်တော့် စိတ်ထဲတွင်တော့ အခွင့်အလန်းများပိတ်သော… စီးပွားရေးကျပ်တည်းသော ဤလောကကြီးပေါ်တွင် ဖြတ်သန်းရခြင်းကား လှည်းတန်းမီးပွိုင့်ထက် အသက်ရှုကျပ်ပေတော့သည်… FM Radio မှ တစ်ဝက်တစ်ပျက်လာနေသော ဖတ်ကြားသူ သူရဿဝါ၏ ဆိုဖာခုံလေးအကြောင်းကြားမိသည်… လုပ်ငန်းခွင်မှဖိအားများ… မိသားစုအရေးဖိအားများကြောင့် ကျွန်ုပ်တို့သည်လဲ ဆိုဖာခုံလေးကဲ့သို့ တန်ပြန်တွင်းကန်နိုင်အား တဖြည်းဖြည်းကျဆင်းလာပြီး၊ ဆိုဖာခုံလေး၏ အနီရောင်များလဲအရောင်လွင့်သလို…….. ကားသံများ… ပတ်ဝန်းကျင်မှ အပူရှိန်များကြားတွင် သူရဿဝါအသံမှာ တစ်ခါတစ်လေ… မသဲမကွဲ… တစ်ခါတစ်လေ… ကျိုးတိုးကျဲတဲ… ခေါင်းပေါ်ကနေမင်းကို အပြစ်တင်ရမလား… လောကကြီးက ဒီရက်ပိုင်းမှာပိုပူလာသလား… အငွေ့ပြန်လွယ်တဲ့ တိုင်ကီထဲကလောင်စာဆီက ရင်ထဲကအပူမီးကို တောက်လောင်စေသတဲ့… […]