အံကိုတင်းတင်းကျိတ်လို့… အရှေ့တောင်အာရှရဲ့အပျော်ဆုံးယောင်္ကျား… ခန္ဒာတွင်းက ခုခံအားကျ… တင်းထားတဲ့စိတ်ဝေဒနာကို… နှစ်ကိုယ်ခွဲက ဖွင့်ချလိုက်တယ်… ငါ့တစ်ကိုယ် မင်းဖြစ်လို့သွားလေရော့…   အာဒမ်က အိဖ့်အတွက် နံရိုးတစ်ချောင်းပေးသလိုမျိုး… ငါလဲ… မင်းအတွက်… ခန္ဓာတစ်ခုကို သဲသဲမဲမဲခွဲပေးခဲ့တယ်… သက်မဲ့ခန္ဒာမဖြစ်စေဖို့… ငါ့ဦးနှောက်ကိုပါ… ခွဲဝေခဲ့ပါတယ်… မင်းအသံလေးကြည်မြမြ… နားဝင်ဝမှာ လှစေဖို့… မင်းယောင်ဆောင်လို့… လှစေခဲ့ဖူးတယ်….   တမ်းတမ်းတတနဲ့… တစ်ကိုယ်တော်ရူးသွပ်တဲ့နေ့ညတွေမှာ… နှစ်ကိုယ့်တစ်စိတ်နဲ့… ကျားတစ်လှည့်… မတစ်လှည့်… ပွဲကတဲ့ညတွေမှာ… ပရိတ်သတ်က… သိသိကြီးနဲ့အားပေးခဲ့လေသလား… မပီမသကြားတဲ့မင်းနှုတ်ဖျားကတေးသံတွေကို… ကောက်ကောက်ပါအောင်လိုက်ရင်း.. ငရဲကြီးရှစ်ထပ်မှာ… ခေါင်းငိုက်စိုက်နဲ့ ရူးလေတယ်…      


မမြင်နိုင်တဲ့ကံကြမ္မာတစ်ခုမှာ… စမ်းတဝါးဝါး လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   ခိုင်မာတဲ့လမ်းစတစ်ခုမှာ… ဆယ်စုနှစ်တစ်ခုကျော် လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   သန်စွမ်းတဲ့ဦးနှောက်တစ်ခု အရင်းပြုကာ လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   လန်းဆန်းတဲ့အတွေးအခေါ်တစ်ခု မွေးဖွားကာ လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   မနက်ဖြန်ရဲ့မျှော်လင့်ချက်တစ်ခု ခုံမင်ကာ လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   ရည်ရွယ်ချက်တွေအပြည့်နဲ့ အိပ်မက်ကာ လမ်းလျှောက်ရင်း လမ်းပျောက်နေသူပါ…   တကယ်တော့ဘဝဆိုတာ… ငွေကြေး၊ မိသားစု၊ ခင်မင်ရင်းနီးမှု အိပ်မက်၊ မျှော်လင့်ချက်၊ ဖန်တီးမှု၊ ရင့်ကျက်မှုတွေနဲ့… ဖြောင့်တန်းတဲ့လမ်း မှောင်မည်းမည်းမှာ.. လမ်းပျောက်နေသူ… ငါတစ်ယောက်ထဲလား…   ခင်မင်လျက်- ဖက်ဖက်ကက်


ကန်ရေပြင်ကိုမျက်နှာမူလို့… မတ်လတစ်ရက်မှာဆုံခဲ့တယ်… စနေရယ်လို့ မှတ်ထား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ကန်ဘောင်ပေါ်မှာထိုင်ခဲ့တယ်… မတ်လတစ်ရက်မှာဆုံခဲ့တယ်… လူတွေအတော်တော့စုံသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ကန်ဘောင်ပေါ်မှာ အိပ်သူရှိခဲ့ဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… မူးတဲ့လူတွေတော့ အများသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ရေကန်ထဲကို ပြုတ်ကျဖူးသူရှိခဲ့တယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… အရွယ်မျိုးစုံပါခဲ့တာတော့များသား ၃၆၅ရက်ပြည့်ဖို့ နီးပါပေါ့လား…   အစိမ်းရောင်သီချင်းဆိုသူရှိခဲ့ဖူးတယ်… မတ်လတစ်ရက်မှာဆုံခဲ့တယ်… ဂစ်တာငှားပေးတဲ့လူတော့ ရှိခဲ့ဖူးသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ဖုန်းတစ်လုံးကိုင် အင်တာဗျူးသူရှိခဲဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… ပိုစ့်အပေါ်မှာ ကော်မန့်တွေများခဲ့သား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   တစ်ယောက်ကဖုန်းမောင်ကဗျာရွတ်ခဲ့ဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… အားပေးမှုတွေတော့အများသား… […]