ဒီရက်ပိုင်းတွေက မိုးကလဲရွာ… အိမ်ထဲရိုက်စရာလဲ ပန်းကမရှိ… ရှိတဲ့ပန်းတွေချည်းပဲ လွှတ်ရိုက်နေပြန်ရင်လဲ… မြင်သူတွေက အကောင်းသေးသေးကွေးကွေးနဲ့ စိတ်ပြောင်းသွားပြီထင်မှ… ကိုယ်ကျိုးနဲနေပါ့မယ်ဆိုနေတုန်း… ဓာတ်ပုံလေးတစ်ပုံရိုက်ဖြစ်ဖို့ အကြောင်းတိုက်ဆိုင်လာသဗျ… ဒါနဲ့ပဲ အဲ့ပုံလေးရိုက်ဖြစ်တယ်ဆိုရမှာပေါ့ဗျာ… ဒီပုံလေးနဲ့လိုက်မယ့် အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ထဲက… အပိုင်းအစလေးတစ်ခုလဲ… ထပ်တူသတိရမိပြန်ရော… “I’m the one who took a walk on the moon And I made the seven wonders too There is nothin’ that I cannot do Cause I am human…..” ဆိုတဲ့သူက ကျွန်တော်လွှတ်ခိုက်တဲ့အဆိုတော်ကြီး Rod Stewart ရဲ့ သီချင်း… သီချင်းခေါင်းစဉ်က “Human” တဲ့… […]


စံပယ်ပန်းတော့ရှာတွေ့ပြီ… အပွင့်တွေက စိတ်တိုင်းကျလောက်အောင်သိပ်မလှဘူး… စံပယ်တွေချည်းအားမရလို့…. ကျန်တဲ့ပန်းလေးတွေလဲထည့်ပေးလိုက်တယ်ဗျာ… မက်ခရိုဆေးအောင်တယ်ပဲဆိုကြပါစို့… အော်… ပြောရဦးမယ်… Mac ပေါ်မှာကြည့်တဲ့ပုံတွေအရမ်းလှပြီး… PC ပေါ်ရောက်တဲ့အချိန်မှာ အရောင်ပြောင်းသွားတယ်လို့ခံစားရတာ… PC ပဲမကောင်းတာလား Mac ပဲအရမ်းကောင်းနေတာလားမသိ…   ခင်မင်လျက်- ဖက်ဖက်ကက်  


ကျွန်တော်လဲ ပန်းပုံလေးတွေတင်ချင်တယ်…. နေရာစုံလျှောက်သွားရင်းက…. စိတ်ထဲလှသမျှပန်းလေးတွေကို မှတ်တမ်းတင်ထားမိတာပါ…. အိုဘယ့်….. ပန်းဆိုမှ…..ပန်း…   ခင်မင်လျက်- ဖက်ဖက်ကက်


သူငယ်ချင်း ခင်ဇော်တို့တွေ ပုဂံမြေအမှတ်တရ ဓာတ်ပုံတွေတင်တော့…. ကျွန်တော်လဲ ချစ်သောပုဂံမြေအမှတ်တရလေးတွေ တင်ချင်တဲ့ဆန္ဒလေးဖြစ်လာလို့ တင်လိုက်ပါတယ်… မတောက်တစ်ခေါက်နဲ့မို့ မျက်စိနောက်ရင် ခွင့်လွှတ်ကြပါလို့… ခင်မင်လျက်- ကြောင်ဝတုတ်