ဒါဟာ ကော်ဖီခွက် တစ်ခွက်မဟုတ်ပါ… ထိုကဲ့သို့ပင်… ဒီအရာသည် အပူအအေးထိန်းဓာတ်ဗူးတစ်လုံးလဲမဟုတ်ပါ… Processor တို့တွင် အလုပ်လုပ်သော Core 4 ခုပါဝင်သည့် Processor Quad-Core များနှင့် ကွန်ပျူတာထုတ်လုပ်သူများ ကြွေးကြော်နေကြချိန်တွင်… Processor Core 12 ပါဝင်သည့် ကွန်ပျူတာတစ်လုံးကို ဈေးကွက်တွင်ပေါ်ပေါက်လာမည်ဟု… အိပ်မက်မက်မိပါသလား… ထလော့ကမ္ဘာ… အို…ကမ္ဘာကြီး… သူဟာ ကော်ဖီခွက် တစ်ခွက်မဟုတ်ပါ… ထိုကဲ့သို့ပင်… သူသည် အပူအအေးထိန်းဓာတ်ဗူးတစ်လုံးဟုမခေါ်ဆိုနိုင်ပါ… သူ့ကို Pro ဟုခေါ်ဆိုပေသည်…အတိအကျထပ်ဆိုရသော်… သူသည် Apple ၏ Mac Pro ဖြစ်ပေတော့သည်… သူသည်…     အိပ်ပျော်နေသောသူများကို လှုပ်နှိုးလိုက်သူကတော့ ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကပြည်ထောင်စုမှ ပန်းသီးကွန်ပျူတာကုမ္ပဏီပဲဖြစ်ပါတယ်… Mobile တွေ ခေတ်စားလာတဲ့အချိန်မှာ ဘာလို့များ Desktop ကွန်ပျူတာကိုသုံးကြပါလိမ့်မလဲ… […]


၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း… ကျွန်တော်တို့အတွက် အရေးကြီးတဲ့ သူငယ်ချင်းလဲဖြစ်… နှစ်ပေါင်းများစွာ ရင်းနီးခဲ့တဲ့မိတ်ဆွေဟောင်းလဲဖြစ်ခဲ့တဲ့… Website တစ်ခုက                 အခုလို အမှတ်တမဲ့နှုတ်ဆက်ထွက်ခွာသွားပါတော့တယ်… ဒီဆိုဒ်ကို တော်တော်များများ သိချင်မှလဲ သိပါမယ်… သူကတော့ Apple ရဲ့ iPhone တွေ… iPod Touch တွေ… iPad တွေ အပေါ်မှာ Crack Application တွေ… Games တွေ တင်သုံးနိုင်အောင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဆိုဒ်တစ်ခုဖြစ်လို့ပါပဲ… နဲနဲလေး ထဲထဲဝင်ဝင် Technically ရေးပါ့မယ်… Apple ရဲ့ iDevice တွေကို ဘာလို့ Jailbreak လုပ်တာပါလဲ… […]


မနေ့က Apple ကနေပြီးတော့ သူ့ရဲ့ iPad Mini (ပိစိကွေးကိုစတင်ကြေငြာပြီး)… နိုဝင်ဘာလ(၂)ရက်နေ့တွင် စတင်ဈေးကွက်တင်ရောင်းချမယ်လို့ ဆိုပါတယ်… ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Apple ရဲ့ CEO ဟောင်း Steve Jobs ကတော့ iPad Mini ကိစ္စကို ကန့်ကွက်ခဲ့ဖူးတယ်လို့သိခဲ့ရဖူးပါတယ်… အရွယ်အစားသေးငယ်တဲ့ ဖန်သားပြင်ပေါ်မှာ အံ့ဩစရာကောင်းလောက်တဲ့ ဆော့ဝဲတွေထုတ်လုပ်ဖို့ပြသနာရှိတယ်လို့ Steve Jobs ကဆိုခဲ့ဖူးပါတယ်… အခုအခါ Steve Jobs ကွယ်လွန်ပြီးနောက်… ဆက်ခံသူများက ဘယ်လိုမျိုးအစီအစဉ်တွေ ဒီဇိုင်းတွေနဲ့ Steve Jobs မရှိပေမယ့် Apple ကို ကမ္ဘာ့တန်ကြေးအကြီးဆုံး ကုမ္ပဏီအနေနဲ့ဆက်လက်ရပ်တည်မလဲဆိုတာကို iPhone5 ကနေပြီးတော့ စတင်အကဲဖြတ်နေရတဲ့အချိန်ပါ… အခုအခါမှာလဲ iPad Mini ကို Apple က ထုတ်လုပ်လိုက်ခြင်းအားဖြင့် Tablet ဈေးကွက်မှာ […]