black chawSeptember 21, 20111min21316
၂၀၀၆ ခုနှစ်လောက်က ဖြစ်ပါသည်။ ကုမ္ပဏီ တစ်ခုတွင် ကျွန်တော် အလုပ်လုပ်စဉ်က ဖြစ်ပါတယ်။ ကုမ္ပဏီက မြန်မာပြည်တစ်ဦးတည်း တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် ပစ္စည်းတစ်မျိုးကို ဖြန့်ချိနေပါတယ်။ အလုပ်သဘောအရ Billboard ကြော်ငြာအတွက် ဓါတ်ပုံရိုက်ကွင်းတစ်ခုကို ကျွန်တော်တာဝန်ခံပြီး စီစဉ်ခဲ့ရပါတယ်။ ပစ္စည်းက အမျိုးသားတွေ အဓိက ဝယ်တဲ့ ပစ္စည်းဆိုတော့ Boss က sexy ဖြစ်အောင်ကြော်ငြာဘို့ ညွှန်ကြားပါတယ်။ ဓါတ်ပုံဆရာကိုတော့ နာမည်ကြီး ဓါတ်ပုံဆရာတစ်ယောက်ကို ကျွန်တော် ရွေးပါတယ်။ မော်ဒယ် ကိုတော့ တက်သစ်စ နာမည်ရခါစ မင်းသမီးလေးကိုငှားပါတယ်။ မင်းသမီးက သရုပ်ဆောင်ခ ကျပ် နှစ်သိန်းခွဲ တောင်းပါတယ်။ Boss က ဈေးကြီးပါတယ်တဲ့။ သိတ်လည်းအောင်မြင်သေးတာမဟုတ်ဘူးတဲ့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းသမီးနဲ့ ဈေးညှိတော့ နှစ်သိန်းနဲ့တည့်သွားပါတယ်။ ရိုက်ဖြစ်တယ်ပေါ့ဗျာ။ ကြော်ငြာရိုက်ကွင်းကို Boss လိုက်ကြည့်ပါတယ်။ ရိုက်ကွင်းက အင်ဒိုးပါ။ ရိုက်ကွင်းမှာ မင်းသမီးနဲ့ ဓါတ်ပုံဆရာ ရင်းရင်းနှီးနှီး နောက်လိုက်ပြောင်လိုက်နဲ့ ပျော်စရာကြီးပါ။ […]