ムラカミNovember 21, 20111min37225
ဒီညနေ လက်ဘက်ရည်ဆိုင်က ပြန်ထွက်လာတဲ့အခါ လူက ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ကို မထင်တော့။ ဘောလုံးပွဲကြည့်ပြီး ပြန်လာတာပါ။ သူငယ်ချင်းတွေနဲ့ စုကြည့်ချင်လို့ လက်ဘက်ရည်ဆိုင် သွားကြည့်ကြတယ်။ သူငယ်ချင်း အိမ်နားကနေဆိုတော့ ကိုယ့်အိမ်ကို တက္ကစီငှားပြန်လာရပါတယ်။ တက္ကစီကို လုံးဝ ဈေးမဆစ်မိ။ သူပြောတဲ့ဈေးအတိုင်း တက်စီးလိုက်တယ်။ ခုနေအချိန်များ ကျနော့်အလုပ်ရှင်က အလုပ်ဖြုတ်လိုက်ပြီဆိုတောင် ခဏတော့ ရယ်နေမိမလား မပြောတတ်ပါ။   ဘာလို့လဲ? မြန်မာနိုင်ပြီလေ? တတိယနေရာလုပွဲမှာ ဗီယက်နမ်ကို လေးဂိုး တဂိုးနဲ့ အပြတ်တီးလိုက်တာ။ ကျနော်က ဘောပညာရှင်မဟုတ်ပါဘူး။ ဒီတော့ ကစားကွက်တွေက ဘာညာ၊ ဘယ်သူတွေက ဘယ်လို မပြောသာဘူးပေါ့ဗျာ။ ဒါပေမဲ့ သေချာတာက ကျနော် ပျော်တယ်။ ပျော်တာမှ အရမ်းကို ပျော်တာဗျ၊ သိလား။ ကျနော်တင် မကဘူး […]