True FaithNovember 6, 20101min813
မြန်မာ စစ်အစိုးရပိုင် သတင်းစာတစောင်ဖြစ်သော ကြေးမုံသတင်းစာရဲ့ အွန်လိုင်းစာမျက်နှာ (http://www.kyaymon.info/) ကို 2010 လူထုတိုက်ပွဲ ကော်မတီနဲ့ ပြည်သူတချို့က ဖတ်ရှုလို့ မရအောင် ယနေ့ စတင်တိုက်ခိုက်လိုက်ကြပါတယ်။ ဒါဟာ ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။ ကြေးမုံသတင်းစာရဲ့ မူလစာမျက်နှာမှာ ခွပ်ဒေါင်းအလံလွှင့်တင်ထားပြီး ၂၀၁ဝ ရွေးကောက်ပွဲ အလိုမရှိ စာသားများအပြင် ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်သည့် ဆောင်းပါးများလည်း ရေးသားထားပါတယ်။ ဒါဟာ ကြေးမုံ အွန်လိုင်း ဝဋ်လည်ခြင်းလို့ပဲ ပြောရမှာပါ။ ဘာလို့ဆိုတော့ ဒီနှစ် စက်တင်ဘာလ ၂ရ (ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့်) တုန်းက ပြည်ပ သတင်းဌာနတွေဖြစ်တဲ့ မဇ္ဈိမ၊ ဧရာဝတီ၊ ခေတ်ပြိုင်၊ ဒီဗွီဘီ စတဲ့ ဆိုဒ်တွေကို လုံးဝ ဖတ်ရှုလို့ […]