နွယ်ပင်July 27, 20111min26619
ကြော်ငြာဆိုတာ ကျော်အောင် ညာရတဲ့ သဘောမျိုးပေါ့ လူစိတ်ဝင်စားအောင် မိမိရဲ့ ကုန်ပစ္စည်းကို မော်ဒယ်လ်တွေ စိတ်ကူးအသစ်အဆန်းတွေနဲ့ ပရိသတ် စိတ်ဝင်စားအောင် ရိုက်ကူးတင်ဆက် ပြသခြင်းတစ်မျိုးပါပဲ ။ဒီအထဲကမှ ပရိသတ်စိတ်ဝင်စားအောင် ရိုက်ကူးတင်ပြရင်း ဒါရိုက်တွေ ကြော်ငြာရှင်တွေရဲ့ သတိမထားမိလိုက်တဲ့ အမှားလေးတွေကို တွေ့မိသလောက် လေးပြောပြချင်မိတာပါ ။ ပထမဦးဆုံး သတိထားမိတဲ့ ကြော်ငြာလေးက ရဲတိုက်နဲ့ ဖွေးဖွေးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ Glanz ခေါင်းလျှော်ရည်ပါ ။ ဂေါ့စ်တစ်ဖက်ရှင် ဒီဇိုင်းလေးတွေဝတ်စားထားပြီး ပရိသတ်စိတ်ဝင်စားအောင် သီချင်းမြူးမြူးလးနဲ့ရော ရိုက်ကူးထားလို့ လူတော်တော်များသတိထားမိတဲ့ ကြေငြာလေးပေါ့ ။ ဒါပေမယ့်ပြောချင်တာက ခေါင်းလျှော်ရည် ကြော်ငြာပါဆိုမှ ကိုယ်စားပြုရိုက်ကူးပေးရတဲ့ မင်းသားရဲ့ ဆံပင်က ငှက်သိုက်ကြီးဖြုတ်စွပ်ထားသလို ရှုပ်ပွလို့ ဒီခေါင်းလျှော်ရည်နဲ့ လျှော်လို့ပဲဖြစ်နေသလိုလိုနဲ့ပေါ့ အမှန်က ဖြစ်သင့်တာက ဒီထက်အဆင်ပြေမယ့် ဆံပင်ပုံစံမျိုးကို လုပ်သင့်တယ်ထင်တာပဲလေ […]