Yin Nyine NwayAugust 22, 20101min1898
ဒီနေ ့လုပ်စားတဲ့မြေအိုး မြီးရှည်ကတော့မြေအိုးမရှိလို ့ဒန်အိုးနဲ့ ချက်စားဖြစ်တာပါ။မန္တလေးမှာတော့ေ မြအိုးမြီးရှည်ဆိုင်တွေက ညဈေးတန်းတလျှောက်မှာ ပေါမှပေါ ပါဘဲ။မြေအိုးမြီးရှည်ရဲ ့အရသာကိုတော့ ပူပူစပ်စပ်နဲ ့မာလာဟင်းကြိုက်တဲ့သူတိုင်း ကြိုက်ပါလိမ့်မယ်။ ကျွန်မကတော့ မြေအိုးမြီးရှည်ကို ကြေးအိုးထက် ကြိုက်ပါတယ်။ လက်ကိုင် ရိုးတံရှည်လေးနဲ ့မြေအိုးလေးထဲမှာ ထည့်ချက်ပြီး gas မီးဖို ပေါ်ကချချချင်း ပူပူနွေးနွေး စားရတာ တော်တော်ကောင်းပါတယ်။ ကျွန်မကတော ့ဒန်အိုးထဲမှာ ထည့်ချက်ပြီး ရိုးရိုးပန်းကန်ထဲမှာ ထည့်စားပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ကြက်ရိုးကို ဆား၊ငံပြာရည်၊ဂျင်းရည်တို ့နဲ ့နယ်ပြီး ပြုတ်ထားပါတယ်။ ပြီးရင် အရိုးတွေဖယ်ပြီး အရည်စစ် ယူထားပါတယ်။ ငါးဖယ်လုံး၊ငုံးဥပြုတ်ထားပါတယ်။ မြီးရှည်ဖတ်ကို ရေနွေးဖျောထားပါတယ်။ စားတော့မယ်ဆိုမှ gas မီးဖိုကိုဖွင့်၊ဒန်အိုးထဲကို ကြက်ပြုတ်ရည် တစ်ခါစား စာထည့်ပါ။ မပွက်ခင် မာလာဟင်းအနှစ်ကို ဟင်းစား […]