နွေဦးMay 6, 20134min30914
ရှေးအခါက မိန်းမတွေဟာ စိတ်ထဲက လိုသော်ရှိ မလိုသော်ရှိ မကြေနပ်ချက်များလာရင် ကျိန်စာတိုက်တတ်တဲ့ အကျင့်များရှိခဲ့ကြဘူးပါတယ် ။ အခုခေတ် လူငယ်တွေထဲမှာလည်း မကြေနပ်ရင် ဘာဖြစ်ပါစေ ညာ ဖြစ်ပါစေ စသဖြင့် ကျိန်စာတိုက်တတ်တာတွေလဲရှိတာဘဲမဟုတ်လား..။ တချို့ကျိန်စာတွေက တကယ်ဖြစ်တတ်တယ်လို့ ယူဆကြတဲ့ သူတွေ ထဲမှာ ဟိန္ဒူအယူရှိတဲ့သူတွေက ပိုတတ်ပါတယ် ။ ရေမရှိတဲ့မြစ်နဲ့ သစ်ပင်မပေါက်သောတောင် အကြောင်းပြောရရင် မုစလိန္ဒာ အိုင်က စပြောရပါလိမ့်မယ် ။ ဟိန္ဒူတွေရဲ့ အယူအရ သေသူတွေရဲ့ ဝိဉာဏ် တွေဟာ မုစလိန္ဒာကန်ဘေးမှာ မကျွတ်မလွတ်မခြင်း နေကြရတယ်တဲ့။ ကျန်ရစ်သူတွေက နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး ဆုတောင်းပေးမှ ဝိဉာဏ်တွေက ကျွတ်လွတ်ကြရတယ်တဲ့ ။ အခါတပါး၌ ရာမ မင်းသားနဲ့ မယ်သီတာတို့ဟာ မုစလိန္ဒာအိုင်မှာ ဆုတောင်းပူဇော်ပွဲလုပ်ဖို့ တာဝန်ရှိလာပါတယ်တဲ့ ။ […]