နွေဦးMay 3, 20132min38312
      “မုစလိန္ဒာအိုင်မှာ ပြန်လည်ဆုံမယ်ဟောတဲ့ဗေဒင်..မယုံသော်လည်းစိတ်ပြေတယ်.. ဘုရားမှာ စနေဒေါင့်ပန်းလှူမယ်..”ဆိုတဲ့ မြန်မာပြည်သိန်းတန်ရဲ့ သီချင်းလေး ကြားပြီးထဲက မုစလိန္ဒာအိုင်ဆိုတာ မြင်ချင် ကြည့်ချင်နေတာပါ။ ဗုဒ္ဓဂါယာ ဘုရားဖူးရောက်သွားတော့လည်း မုစလိန္ဒာကန်ကိုတွေ့တော့ ဘယ်လိုကြည့်ကြည့် လှနေတယ်လို့ မြင်လို့ ကြည့်လို့မဝနိုင်အောင်ပါဘဲ ။ ဒါပေမယ်လို့ပေါ့လေ…. မုစလိန္ဒာအိုင်မှာ ပြန်ဆုံကြမယ်ဆိုတာကိုစိတ်ဝင်စားမိတာပေါ့ ။ချစ်သူတွေချင်းကွေကွင်းကွဲကွာသွားကြရင် မုစလိန္ဒာပြန်ဆုံတွေ့ကြမယ်ပေါ့..။ ဘယ်ပုံ ဘယ်နည်းနဲ့များတွေ့နိုင်မလဲ.. အရင် ဇာတ်လမ်းလေးများရှိ ခဲ့ဘူးသလားပေါ့..။ အလွမ်းဇာတ်များ စိတ်ကူးနဲ့ ဒီသချင်းရဲ့အရသာကို ခံစားကြည့်မိပါတယ်…။ လုံးလုံးလျှားလျှားကြီး များတော့တာပါဘဲ..။ဒါပေမဲ့ သီချင်းရေးဆရာရဲ့ စိတ်ကူးဖွဲ့နွဲ့မှုကိုတော့လေးစားလောက်ပါရဲ့ ။ ဟိန္ဒူတွေရဲ့ အယူဝါဒ ကို မသိခဲ့ နားမလည်ခဲ့တော့စိတ်ကူးလေးတွေယဉ်လို့ပေါ့လေ..။ ဟိန္ဒူတွေရဲ့ အယူဝါဒအရ သေဆုံးပြီးတဲ့သူတွေရဲ့ ဝိဉာဏ်တွေဟာ မကျွတ်မလွတ်မချင်း မုစလိန္ဒာအိုင် ပါတ်ဝန်းကျင်မှာ နေကြရပါတယ် ။ မိသားစုတွေက ကုသိုလ်ကောင်းမှုတွေလုပ်ပြီး သူတို့ကို အမျှဝေပေးမှ ကျွတ်လွတ်ပြီး လိုရာကို သွားနိုင်ကြတယ်လို့ အယူရှိကြပါတယ် […]