နွေဦးMay 11, 20135min40611
ကျောင်းနေစဉ်က ဘုရားစာတွေစသင်ရပြီဆို မင်္ဂလ သုတ်က စသင်ရပါတယ် ။မင်္ဂလသုတ်ကို စကျက်ရကတည်းက “ဧဝံမေသုတံ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝါဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရမေ” ဒီလို ပါဠိလို စကျက်ရပါတယ် ။ ဒီကတည်းက သာဝတ္ထိမြို့တော်ကြီးနဲ့ ဇေတဝန်ကျောင်းတော်ကို စိတ်ကူးနဲ့ သိခဲ့ရတဲ့နေရာပါ ။ ဇေတဝန်ကျောင်းတော်လို့ဆိုတာနဲ့ ကျွန်တော်တို့တတွေအားလုံးသိကြပါတယ် ။အနာထပိဏ်သေဋ္ဌေးကြီး ကမြတ်စွာဘုရားရှင်အတွက် ကျောင်းဆောက်လှူဖို့ မြေနေရာကို ဇေတ မင်းသားရဲ့ မြေကွက်ပေါ် ရွှေဒင်္ဂ ါးအပြည့်ခင်းပြီးဝယ်ယူခဲ့တဲ့ တန်ဖိုးကြီးလှတဲ့ကျောင်းလို့ သိခဲ့ကြပါတယ် ။မြေပြင်အပြည့် ရွှေဒင်္ဂ ါး ၁၈ ကုဋေ ခင်းခဲ့ရတယ်လို့ ဆိုပါတယ် ။ဒါတောင် ဇေတမင်းသားက မြတ်စွာဘုရားရှင်ကို သဒ္ဒါပေါက်ပြီး မြေတဝက်သာခင်းစေခဲ့တာလို့ ဆိုပါတယ် ။ အနာထပိဏ် သေဋ္ဌေးဟာ ဇေတဝန်ကျောင်းကို ဘုံ ရဆင့်နဲ့အထပ် ရထပ်ဆောက်ခဲ့ပြီး ရွှေဒင်္ဂ ါး ၁၈ကုဋေ ကုန်ပါတယ်တဲ့ ။ ဒီအရပ်မှာ […]