Yin Nyine NwayDecember 14, 20121min18224
တီချယ် ရဲ့ faccebook က ခရမ်းကြွပ်သီးအကြောင်းလေးဖတ်ရင်း အနော် ငယ်ငယ်က ဖြစ်ခဲ့တဲ့ အနော့် ပေါ့ပေါ့ (ဖေဖေ)နဲ့ အနော့်အကြောင်းလေးကို သတိရသွားမိတယ် …. ပေါ့ပေါ့က အနော့်ကိုဆို ကြည့်မရပါ အနော် ဘာလုပ်လုပ် ချီးကျူးစကားထက် ကဲ့ရဲ့ အပြစ်တင် ဝေဖန် နေတာပဲ အနော်ကြုံရပါတယ်… အနော် ကျောင်းမှာ ပထမဆုရသည့်တိုင်အောင် အနော်တော်လို့မဟုတ် ကျောင်းက သူငယ်ချင်းတွေ ညံ့လို့သာဆိုပါတယ် … အနော် စာစီစာကုံးပြိုင်လို့ ဆုရလျှင် အနော် ဘတ်စကပ်ဘောပြိုင်လို့ ဆုရလျှင် အနော် ထူးချွန်ပြိုင်လို့ ဆုရလျှင် …. တခါမှ ပေါ့ပေါ့ လိုက်မပေးခဲ့ပါ … ချီးကျူး ဪဘာသံအစား … အနော့ကို ရှုပ်ရှုပ် ယှက်ယှက် ဝင်ပြိုင်သည့်အတွက် … […]