bigbirdFebruary 13, 20111min32719
ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာ ချစ်ကြိုက်လာကြတာချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါ မှာလက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်…. ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူ တို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့….. .ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေး က တခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲ လက်ထပ်သွားတယ်ဆိုတဲ့သတင်းကို ကောင်လေးကြားလိုက်ရတယ်….. သူစုံစမ်းကြည့် လိုက်တော့ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်…… အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်း အရမ်းအံ့ဩပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်…… မကြာခင်မှာပဲကောင်လေးလည်း စိတ် ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်…. အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်…. ဆရာဝန်ပြလည်းမသက်သာတော့ဘူး…. တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးက ကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်.. အိမ်ဖော် ကောင်မလေးလည်း တံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့ “ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်…  ဘုန်းတော်ကြီးကပြုံးပြီးတော့….. “ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး.. ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်း ဆေးနည်းနည်းကုတတ်တော့လာ ကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်… အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့မရကြောင်းနဲ့ သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်း ပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်……. ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင် ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေတဲ့ လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်…. အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက် […]