awra-choFebruary 21, 20131min18412
ကျနော်နှင့် ရေချိုးစီး ဖိနပ်တစ်ရံ             ရီရပါသည်။ သည်လိုပဲ ဦးလှဝင်း(လေသူရဲတဦး) လိုအစပျိုးရမလား။ နီကိုရဲလိုလို ဘာလိုလိုနဲ့  အေးစက်ခြောက်သွေ့ပြီး တိတ်ဆိတ်နေတဲ့ ကျိုင်းတုံရဲ့ ဒီဇင်ဘာ နေ့တနေ့မှာ ကျနော်ဟာ ယောင်လည်လည် နဲ့ရောက်လာခဲ့ပါတယ်၊  လို့ အစပျိုးရ မလား။ ဘာပဲပြောပြော ၂၀၀၉ ရဲ့ ဒီဇင်ဘာ နှောင်းပိုင်း တိတိကျကျဆို (၂၆)ရက်နေ့ မှာ သစ်ဖြူပင် တစ်ပင် ထီးထီးကြီးရှိတဲ့ ကျိုင်းတုံကို ရောက်လာခဲ့ပါတယ်။ အရင်ဘဝက ဘုရင့်နောင်ရဲ့ တပ်မှာ တပ်မှုး များဖြစ်ခဲ့လေသလား ၊ အနည်းဆုံး ထမင်းချက်များ ဖြစ်ခဲ့လေသလား မသိ၊ ကျိုင်းတုံနဲ့ ရေစက်ကဆုံလွန်းလှတယ်။ အရင်တစ်ခေါက် ရောက်ဖူးလို့ မစိမ်းပေမယ့် ငါးနှစ်လောက် ကြာခဲ့ပြီဆို တော့ မရင်းနှီးတော့သလိုုတော့ ခံစားရတာပေါ့ဗျာ၊ အရင်ကလည်း […]