ၾကယ္ေလးDecember 21, 20101min23514
ဘယ်သူက ဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလဲတော့ မသိ။မလေးရှားမှာတော့ တော်တော်အပြောများနေကြတယ်။ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့ ကြားနေရတာတော့ ကြာပါပြီ။ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဘယ်မှမသွား သေသေချာချာလည်း မမြင်မတွေ့ဘူးတော့ မြန်မာအမျိုးသားတေ ွ (အချို့) ရဲ့  စိတ်ထဲမှာ  တကယ်အဲဒီလိုကြီးထင်နေမှန်း မသိခဲ့ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကမှ ……………….. ကျွန်မက စာရေးလေ့ရေးထ မရှိပါဘူး။စာဖတ်နေရရင် ပျော်နေတတ်တဲ့သူပါ။ အခုတော့ တော်တော်ကိုရေးချင်လာလို့ပါ။ လွန်ခဲ့တဲ့ (၆)ရက်လောက်ကပေါ့လေ……………… ကျွန်မဆီကို မြန်မာမိန်းကလေး အသိနှစ်ယောက် ရောက်လာခဲ့ပါတယ်။ တစ်ယောက်က အိမ်ထောင်သည် ကလေးတစ်ယောက်အမေပါ(အသက်ကတော့ ငယ်သေးတယ် ၂၃ နှစ်ကျော်ပေါ့)။နောက်တစ်ယောက်က အပျို (၁၉)နှစ်ကျော်ပဲ ရှိသေးတယ်။နှစ်ယောက်လုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ။သိပ်တော့ မရင်းနှီးပါဘူး။သူတို့က ၂၅.၁၀.၂၀၁ဝ ကမှ မလေးကို ရောက်လာတာပါ။သူတို့က ပီနန် စက်ရုံမှာအလုပ်ရပါတယ်။ကျွန်မကလည်း ပီနန်ထဲမှာပါ။ […]