Swal Taw YwetFebruary 11, 20142min25713
မန္တလေး ဂေဇက် ရွာသူား အပေါင်း မင်္ဂလာပါခင်ဗျာ။ ရွှင်လန်းချမ်းမြေ့ကြပါစေနော။ ရွာ ထဲမဝင်ဖြစ်ပေမယ့် နေ့တိုင်း ဝင်ဖတ်နေမိသူတစ်ယောက် ပြန်လည်ဝင်ရောက်လာရာမှာ မင်္ဂလာသတင်းလေးတစ်ခုနဲ့ စလိုက်ပါပြီခင်ဗျ။ ပြီးခဲ့တဲ့ လကုန်ပိုင်းက ကျနော် စွယ်တော်ရွက်ရဲ့ မွေးသမိခင် ကျေးဇူးရှင် ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။ ကျနော့် မေမေ က ညောင်တုန်းသူပါ၊ စစ်တပ်ထဲဝင် စစ်မှုထမ်းရင်း တာဝန်ကျတဲ့မန္တလေးမှာ ဖေဖေနဲ့ ဖူးစာဆုံခဲ့ကြတာပါ။ ဖေဖေက မုဒုံ ကမာဝက်ရွာမှာမွေး၊ ကျိုက္ကော် သိမ်ဆိပ်မှာ ကြီးပြင်းပြီး စစ်တပ်ထဲဝင်တော့ ဩစတေးလျ ကို စက်ပြင် ( Mechanics ) ပညာတော်သင်သွားခဲ့ရသူပါ။ မန္တလေး အမရပူရ က ပ.လ.စ ( ၂ ) တပ်မှာ တာဝန်ထမ်းဆောင်ရတုံး မေမေ နဲ့ ဖူးစာဆုံခဲ့တော့ […]