အာဂJuly 18, 20111min14212
ကာလအတန်ကြာ ပြည်သူလူထု တက်ရောက်ဂါရဝ ခွင့်မရှိသော အာဇာနည်ဗိမာန် အား ၂၈နှစ်အကြာတွင် ပြန်လည်တက်ရောက် ဂါရဝပြုလိုက်ပြီဖြစ်ကြောင်းနိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်ကိုတွေ့ရှိရသည်။ ၁၉၈၃ခုနှစ်အောက်တိုဘာလ ၉ရက်နေ့က တောင်ကိုရီးယား သမ္မတမစ္စတာ ချမ်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အာဇာနည်ဗိမာန်သို့ ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယား သူလျှိုတွေရဲ့ လက်ချက်နဲ့ တောင်ကိုရီးယား ဝန်ကြီးအဖွဲ့ဝင် ဝန်ကြီး၃ဦး အပါအဝင် မြန်မာနဲ့ တောင်ကိုရီးယား လူမျိုး ၂၁ဦးသေဆုံးခဲ့ပြီး ၄၆ဦးဒဏ်ရာရခဲ့ပါတယ်..။ သေဆုံးခဲ့ရတဲ့ ကိုရီးယား ဝန်ကြီး ၃ဦးကတော့ မေရီလန်းနဲ့ ဝါရှင်တန် တက္ကသိုလ်ဘွဲ့ရ နိုင်ငံခြားရေးဝန်ကြီးLee Beom-seok၊ စီမံကိန်းဝန်ကြီးနဲ့ လက်ထောက်ဝန်ကြီးချုပ် Suh Suk Joo၊ ကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီး Kim Dong Whie တို့ဖြစ်ကြပြီး ကိုရီးယားသမ္မတ အကြံပေးအရာရှိအပါအဝင် သတင်းမီဒီယာ […]