manawphyulayAugust 24, 20121min23311
ကျွန်မတစ်ယောက် အင်တာနက် စာမျက်နှာမှာ ဗဟုသုတတွေရှာဖွေရင်း အမှတ်မထင် အစ်ကိုကြီး တစ်ယောက်နဲ့ ခင်မင်ရင်းနှီးသွားခဲ့တာကြောင့် စကားစပ်မိရင်း အစ်ကိုကြီး(ကိုကြီး) နဲ့ အွန်လိုင်းမှာ အမေးအဖြေလေးတွေ မေးရင်းနဲ့ နိုင်ငံခြားရောက်နေသူတစ်ဦးရဲ့ အတွေ့အကြုံလေးတွေကို အများပြည်သူ သိအောင် တင်ပြပေးလိုက်ပါတယ်ရှင်။ မနောဖြူလေး။ ။ မင်္ဂလာပါ။ ကိုကြီးနဲ့ အခုလိုခင်မင်ခွင့်ရတာ အရမ်းကို ဝမ်းသာမိပါတယ်ရှင်။ ဒါနဲ့ ကိုကြီးက အခု ဘယ်နိုင်ငံမှာ အလုပ်လုပ်နေတာပါသလဲရှင်။ ကိုကြီး။ ။ ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် အခု လက်ရှိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ အထည်စက်ရုံမှာ lab supervisor ရာထူးနဲ့ အလုပ်လုပ်နေပါတယ်ခင်ဗျာ။ မနောဖြူလေး။ ။ ကိုကြီးအနေနဲ့ပေါ့လေ ဘယ်လောက်ကြာကြာ မလေးရှားကို ရောက်နေပါသလဲရှင်။ ဘာကြောင့် နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်တာပါသလဲရှင်။ […]