တခါတုန်းက ဟိုးမြန်မာပြည်၏အထက်ပိုင်း မြို့ကြီးနှစ်မြို့ကိုဆက်သွယ်ထားသော ဟိုင်းဝေး ခေါ် အဝေးပြေးလမ်းမကြီး ၏ အနီးတွင်ရွာကြီး တရွာရှိလေသည်။ အနှီးထိုရွာကြီးတွင် ဦးဝတုတ်ဆိုသူ ရွာသားကြီးတယောက်ရှိလေ၏။တဖန်အနှီးရွာသားကြီး ဦးဝတုတ်၌ မောင်ခင်လတ်ဆိုသော သားတစ်ဦးရှိလေသည်။ (ဤသိုဆိုရသော် မန်းကဇာတ်ထဲမှ မဟုတ်ကြောင်းထင်ရှားလေသည်။) ဆိုရသော်အနှီးဦးဝတုတ်သည် စိုက်ပျိုးရေးတွင်ဆိတ်ဝင်စား၍ (အရင်းပြုတ်၍) ဝါဿနာပါသောစားသောက်ဆိုင်ကိုရှိသမျှသောမြေယာများကို အရင်းပြု၍ အထက်တွင်ဆိုခဲ့သော အဝေးပြေးလမ်းမကြီးနှင့်မနီးမဝေးတွင်ဆိုင်ကို ဆောက်လုပ်လျက် မိမိတတ်ကျွမ်းသော အစားအစား(ရိုးရာအစားအစာ) များကိုမိမိကိုယ်တိုင်သာမက ရွာရှိ အလုပ်အကိုင်မရှိသောလူငယ် ကျား+မ များခေါ်ယူကာဖွင့်လှစ်ရောင်းချလေသည်။ ဆိုင် သို့လာရောက်စားသောက်သူများအလွယ်တကူလာရောက်စားသောက် နိုင်ရန် နှင့်မိမိဆိုင်ရောင်းကောင်းရန်မိမိတတ်သမျှ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသမျှဖြင့် အားထုတ်၏။ အဝေးပြေးကားလမ်း၏ခပ်လှမ်းလှမ်းအတွင်းပိုင်ဆိုတော့ ကားဆရာများမသိလိုက်ဘဲကျော်မသွားစေရန် အသွားအပြန်လမ်းဘေး ဆိုင်နှင့် တမိုင်သာသာလောက်ကပင် ဦးဝတုတ် ဆိုင်သို့ ဆိုသည့်လမ်းညွှန်ဆိုင်ဘုတ်ကို ထောင်၏။တဖန်နှစ်ဖာလုံခန့်ဆက်သွားလျှင်အလားတူ ဆိုင်ဘုတ်မျိုးကိုထပ်ထောင်၏။ ဤသို့နှင့်လမ်းညွှန်ဆိုင်းဘုတ်များသည် ဦးဝတုတ်၏ဆိုင်ဘက်သို့ကွေ့ဝင်သည်ထိ ထောင်ထားသောကြောင့် တွေ့မြင်ရသောကားဆရာများသတိပြုမိ၍ဆိုင်သစ်ကိုတော့ စမ်းစားကြည့်မယ် […]