ဤ ကမ္ဘာလောကကြီးတွင် လူ ့အဖြစ်သို ့ရောက်ရှိလာကြသူများသည် အစပထမတွင် ယောကျာ်းလဲမဟုတ်၊မိန်းမလဲ မဟုတ်ကြပေ။ထူးဆန်းသည့် လိင်မဲ့ သတ္တဝါများသာဖြစ်ကြသည်။      နောင်သောအခါ ကာလကြာမြင့်လာမှ ယခင်ဖြစ်ပျက်ခဲ့ပြီးသော အတိတ်ကမ္ဘာမှ ဗြဟ္မာမဖြစ်မှီ ဘဝဟောင်းက မိန်းမဖြစ်ခဲ့ဘူးသူအားက္ကုတ္တိယဘာဝရုပ်ပေါ်လာခဲ့ပြီး ယောကျာ်းဖြစ်ခဲ့ဘူးသူအား“ပုမ္ဘေါရုပ်”ဖြစ်ပေါ်လာခဲ့သည်။       လူ ့ဘဝကို ယောကျာ်းဘဝမှစတင် ဖြစ်ပေါ်ခြင်းလော၊မိန်းမဘဝမှစတင်ဖြစ်လာခြင်းလော ဆိုသည်ကိုကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးနှစ်ပါးတို ့၏အမေး အဖြေပြုကြသော ဗုဒ္ဓစာပေကျမ်းဂန်များတွင် တွေ ့ရသည်မှာ —     က္ကုတ္တိယတဲ့ ပုရိဿပေါ်စကမ္ဘာမှာ      ဘယ်သူမှာအစထူး ရှေးဦးဖြစ်လာ     လွှဲမသွေ ခွဲဝေစမ်းပါဗျာ့။     ရွှေကျမ်းတတ် မြတ်ဆရာရယ်     မှတ်ပါ လှချင်လွန်း     ဥဒါန်းငယ်ပြောင်     လူ ့တန်းမှာ တမူဆောင်လို ့     ဇမ္ဗူဘောင် မညှိုးအောင်    […]