ရွှေအိမ်စည်October 25, 20121min26014
ဗီယက်နမ်စစ်ပွဲကြီးပြီးလို့ နေရပ်ပြန်ကျတဲ့ စစ်သားတွေထဲက ရော်ဘင် ဆိုတဲ့ စစ်သားပေါက်စလေးတစ်ယောက် အကြောင်းပါ။ သူ့မိဘတွေက ဆန်ဖရန်စစ်စကိုမြို့မှာ နေကြတယ်။ သူမပြန်ခင် ဗီယက်နမ်ကနေ မိဘတွေဆီ ဖုန်းလှမ်းခေါ်တယ်။ ”အမေနဲ့ အဖေ.. ကျွန်တော်တို့ စစ်ပြီးသွားပြီ.. ကျွန်တော်လည်း သိပ်မကြာခင် ပြန်လာတော့မယ်.. ဒါပေမယ့် ကျွန်တော် တစ်ခုလောက် အမေတို့ဆီမှာ ခွင့်တောင်းချင်ပါတယ်.. ကျွန်တော်နဲ့အတူ သူငယ်ချင်းတစ်ယောက်ကို ခေါ်လာခဲ့ပါရစေ ခင်ဗျာ.”။   ”ရတာပေါ့သားရယ်.. ခေါ်လာခဲ့ပါ.. အမေတို့လည်း တွေ့ချင်ပါတယ်..”   ”ဒါပေမယ့် အမေတို့ကို တစ်ခုလောက်တော့ ထပ်ခွင့်တောင်းပါရစေ.. သူက ပြီးခဲ့တဲ့တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့ပါတယ်… သူ့မှာ ခြေတစ်ဖက်နဲ့ လက်တစ်ဖက်မရှိတော့ဘူး.. သွားစရာ..နားခိုစရာ အိမ်လည်းမရှိတဲ့အတွက်.. အိမ်ကို ခေါ်လာလို့ရမလား.. အဖေနဲ့အမေ..”   ”ကြားရတာ စိတ်မကောင်းစရာပဲသားရယ်.. […]