unclegyi1974February 7, 20111min1109
ဟိုဘက်ရက်တွေက ကွန်နက်ရှင်တွေကမကောင်း ရာသီဥတုကအေးနဲ့အင်တာနက် မတက်ပဲစာတွေဂျာနယ်တွေဖတ်ဖြစ်ပါတယ် ဂျာနယ်တစောင်မှာရေးထားတဲ့သတင်းတပုဒ်သတိပြုလိုက် မိပါတယ်မြန်မာနိုင်ငံပညာရေးအကြောင်းရေးထားတာပါ ၁၉၉၈-၁၉၉၉ ခုနှစ်ကစလို့၂၀၀၈-၂၀၀၉အထိကို ဇယားနဲ့အသေအခြာချပြထားတာပါ ပညာရေးအဆင့်အလိုက်ဆရာကျောင်းသားအချိုးဆိုပြီး ၁၉၉၉-၂၀၀ဝ တနှစ်ပဲအထက်တန်းအဆင့်ဆရာ – ကျောင်းသားအချိုးက ၁:၄ဝပါ  ကျောင်းသားအများဆုံးနှစ် ပါ ၂၀၀၈-၂၀၀၉ ခုနှစ်ရောက်တော့ ၁:၂၈ ပါ ဆရာတယောက်ကိုကျောင်းသား၂၈ယောက်ပါ အိမ်နားကကလေးတွေကိုမေးကြည့်တော့… အင်းလေကိုယ်တို်င်ကကျောင်းနဲ့ဝေနေတော့ ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ နောက်သတင်းတပုဒ်က အားလပ်ရက်များ များပြားလွန်းသောကြောင့် ဖိလစ်ပိုင်စီးပွား ရေးထိခိုက်နစ်နာစေကြောင်းဆိုပြီးသတင်းတပုဒ်ကိုဖတ်လိုက် ရပါတယ်  ဖိလစ်ပိုင်မှာ ယခင်ကအားလပ်ရက် ၁၂ ရက်သာရှိခဲ့ရာမှယခု နှစ်တွင်အားလပ်ရက် ၂၁ ရက်ထိမြင့်တက်လာသောကြောင့် အိမ်နီးချင်းနိုင်ငံများနှင့်စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းထိခိုက်စေ ကြောင်း  အိမ်နီးချင်းဗီယက်နမ်တွင် ၉ ရက် စင်ကာပူတွင် ၁၂ ရက် တိုင်ပေတွင် ၉ ရက်သာရှိကြကြောင်းလည်းထောက်ပြကြပါတယ် ပိတ်ရက်တွေဆိုတာအကြောင်းပြချက်တွေပါ ဘာဖြစ်လို့လည်းဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာပိတ်ရက်က ရက်၃ဝ လောက်ရှိနေတာတောင်ဒီလိုပိတ်ရက်ကြောင့် စီးပွားရေးမယှဉ်နိုင်ဖူးလို့တခါမှပြောသံမကြားမိကြောင်းပါ […]