Ko chogyiJune 30, 20141min20613
မြန်းဂဇက်ရွာကြီး ကျိတ်ကျိတ် တွတ်တွတ်နဲ့ ရှုးရှုးရှဲရှဲ မီးရထားမောင်းသလို ဒေါသထွက်သူထွက်  မီးခဲပြာဖုံးကြိမ်မီးအုံးသလို ကြိတ်မနိုင်ခဲမရဖြစ်သူဖြစ်နဲ့ ကုလားသိုက် ကျားဝင်ကိုက်သလို ကြွက်ကြွက်ညံအောင် လှုံ့ဆော်မီးထိုး ချောင်ချိုချောင်ကြား အမှိုက်ပုံနားကနေ တိတ်တိတ်ပုန်း လုပ်ကြံသူအမှန်ကို လေ့လာသုံးသပ်ကြည့်လိုက်တော့ . . . . . . . တလောက ရွာထဲကို ဖလန်းဖလန်းထပြီး အပြေးဝင်ရောက်လာသူကို ဟိုမရောက်ဒီမရောက် ကိုရွှေ၆ ဆိုပြီး ရွာသူားတစ်သိုက် ဝိုင်းကာလိုက်လို့ မောင်းထုတ်ခဲ့ကြသတဲ့ . . . . . ငါဟဲ့ ဂန်ဒူး အဟုတ်ထူးသမို့ ဒီလိုတော့ငြိမ်မခံဘူး . . . . . . . ဂဇက်ရွာမြူးအောင် လုပ်မယ်ဟဲ့ဆိုပြီး အမည်ရင်းမဖော်ရဲသဟာမို့ . . . . အမည်လိမ် အမည်ဝှက် […]


ကျွန်မတို့မိသားစုရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်မအနေနဲ့ ယုံကြည်ခြင်း၊မယုံကြည်ခြင်းကို အငြင်းပွားဖို့တော့မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း ယုံကြည်ခြင်း၊မယုံကြည်ခြင်း ကိုဆုပ်ကိုင်မထားပါဘူး။ တကယ်ဖြစ်ပျက်ခဲ့တာလေးကို အများသိအောင်ပြောပြချင်ရုံသက်သက်ပါ။ ဒီနေ့အချိန်တွေအထိ ကျွန်မတို့အိမ်ကလူကြီးတွေ ပြောနေဆဲ အဖြစ်အပျက်ဆန်းလေးမို့ပါ။ ကျွန်မတို့မျက်စိထဲ ရုပ်ရှင်ကြည့်ထားရသလို စွဲနေလောက်အောင်ကြားနေကျအဖြစ်အပျက်လည်းဖြစ်ခဲ့ပါတယ်။ ကျွန်မလသားအရွယ်လောက်ကပါ။ မေမေက အိပ်ယာထဲမှာ ကျွန်မကိုသိပ်နေတယ်။ ဖေဖေက ကုတင်ဘေးက ကြောင်စီစီနဲ့ငုတ်တုတ်ကြီးထိုင်နေတယ်။ မေမေက ဘာဖြစ်လို့လဲ မေးတော့လည်း ဘာမှပြန်မဖြေပဲ မျက်လုံးတွေကလည်းပုံမှန်မဟုတ်ပဲ တမျိုးကြီးဖြစ် နေတယ်။ လုံးဝမေးမရ၊ပြုမရနဲ့ ငိုလိုက်၊ရီလိုက်နဲ့တစ်မျိုးကြီးဖြစ်နေတာမို့မေမေက သူ့အစ်ကို ရှေ့နေကြီးကိုသွားပြေး ခေါ်တယ်။ အနောက်တိုင်းဆေးပညာကလွဲရင် ဘာကိုမှအယုံအကြည်မရှိတဲ့ ကျွန်မဘကြီးက ဖေဖေ့ကို ဆေးရုံသို့ချက်ချင်း ပို့လိုက်တယ်။ ဆေးရုံပေါ်မှာလဲ ဖေဖေက ဘာရောဂါမှရှာမတွေ့ပဲ ရီလိုက်၊ငိုလိုက်နဲ့ ကြောင်စီစီသာဖြစ်နေသတဲ့။ ဒီလိုနဲ့ မေမေတို့လည်း ကျွန်မ ဘကြီးမသိခင် ပယောဂဆရာတစ်ယောက်ကိုဆေးရုံကိုပင့်ပြီးကုသတဲ့။ ပယောဂဆရာက ဖေဖေ့ကိုတွေ့တဲ့အချိန်မှာ “မင်းဘယ်သူလဲကွ”လို့မေးသတဲ့။ နောက်ပြီး […]


မခင်ချိုမျက်လုံးများကို…. အားယူကာဖွင့်ကြည့်မိသည်။ လှုပ်ရှားလို့မရအောင်ပင် မခင်ချိုတစ်ကိုယ်လုံး အားအင်များချည့်နဲ့နေလေသည်။ မခင်ချိုနားထဲတွင်… မီးရထားသံကြီးတစ်ခု လွှမ်းမိုးနေ၍ မခင်ချိုအသက်လုပြီး ပြေးနေရ၏။ မခင်ချိုအိပ်နေသော အခန်းဝတွင် လူတစ်ယောက်သည် မခင်ချိုအား သွေးစွန်းပေနေသော ခေါင်းအုံး တစ်လုံးအား လာရောက်ကမ်းပေးနေလေသည်။ မခင်ချို ထိုလူပေးသောခေါင်းအုံးအား မယူဘဲ အော်ဟစ်ကာနေလေ တော့သည်…။ အရာရာသည်အမှောင်အတိဖုံးလွှမ်း၍ မခင်ချိုလွင့်မျောချင်ရာ လွင့်မျောနေမိတော့သည်။ ***                        ***                        ***                        *** လူနာကုတင်နံဘေးတွင် အိပ်ငိုက်နေရင်းနှင့်ပင် မသီတာသူကအဒေါ်ဖြစ်သူအား ကြည့်ရင်းပင် တရားရမိသည်။ “ပညာရှိ သတိဖြစ်ခဲ” ဆိုသလိုပင်… အရာရာတွင် ကိန်းကြီးခန်းကြီးနိုင်လှသောအဒေါ်… ကျန်းမာရေးကိုအလွန်ဂရုစိုက် သောအဒေါ်… အသန့်အပြန့်သဲသဲလှုပ်တတ်သော အဒေါ်…. အရာရာကိုငွေကြေးနှင့် တိုင်းတာတတ်သောအဒေါ်…..မခင်ချို၏ အဖြစ်အပျက်စတင်ရာကာလသည်……။ လွန်ခဲ့သော(၃)လခန့်…… ခွဲစိတ်မှုခံယူတော့မည် “ဆေးစစ်ချက်အဖြေအရတော့…မခင်ချိုရဲ့ သည်းခြေမှာကျောက်တည်နေတာပါ….” မခင်ချိုနှင့် ခင်ပွန်းဖြစ်သူကိုမြင့်စိန်တို့နှစ်ဦး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ၏။ မခင်ချိုဝမ်းဗိုက်သည် […]


may flowersJuly 10, 20121min21119
ကျွန်မတို့ နေထိုင်ရာဒီလောကကြီးမှာ တစ်ခါတစ်လေ အံ့ဩဖွယ်ရာ မယုံနိုင်ဖွယ်ရာ ကိစ္စတွေနဲ့ ပြည့်နေတတ်ပါတယ်။ တစ်ခါတစ်လေကိစ္စတွေဟာ ကြုံဖူးတဲ့သူတွေ၊ တွေ့ဖူး တဲ့သူတွေ၊ မြင်ဖူးတဲ့သူတွေသာ ယုံကြည့်နိုင်ကြပြီး မမြင်ဖူးမတွေ့ဖူးတဲ့ သူတွေအတွက် ပုံပြင်လာပြောနေတာပါလို့ အထင်ခံရလောက်အောင်ဆန်းကြယ်တတ်ပါတယ်။ ရွာသူ ရွာသားတွေကော လူခြောက်( လူပုံသဏ္ဍန်သေးသေးလေး) လေးတွေ ရှိတယ်ပြောရင် ယုံနိုင်ကြမယ်မထင်ပါဘူး (မမြင်ဘူးရင်ပေါ့)။ ကျွန်မလည်း တော်တော်အရွယ်ရောက်တဲ့အထိ သူများတွေလူခြောက်ကလေးမွေးတဲ့ အကြောင်းပြောတာဖြစ်ဖြစ် ၊ စာအုပ်တွေမှာလူခြောက်ကလေးတွေအကြောင်းပါတာဖြစ် ဖြစ် ကြားရရင် ဖတ်ရရင်မယုံကြည်ခဲ့တာအမှန်ပါ။ ဒါပေမဲ့  ကျွန်မရှစ်တန်းကျောင်းသူအ ရွယ် ၁၉၉၂ ခုနှစ်လောက်ကတော့ အဲဒီမယုံကြည်မှုတွေကို အပြီးတိုင်ခြေဖျက်နိုင်မဲ့ကိစ္စ လေးတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်မတို့နေတဲ့မြို့လေးနဲ့ လေးမိုင်လောက် ဝေးတဲ့ ရွာလေးမှာ လူခြောက်လေးတစ်ယောက်မွေးတယ်ဆိုတဲ့ သတင်းကိုကျွန်မကြား တော့ သိပ်တော့မယုံကြည်လှပါဘူး။ ဒါပေမဲ့ အဲဒီကိစ္စကို ကျွန်မသူငယ်ချင်းနဲ့ကျောင်း မှာ […]


fattyOctober 18, 20111min21215
” ဟဲ့ ဘယ်က ကလေးလဲဟဲ့ လုပ်ကြပါအုံး လုပ်ကြပါအုံး.. ခွေးညိုကြီးကိုအမြန်ချည်လေ … အော်” အိမ်ဝိုင်းအတွင်း ဆူညံ ပြာလောင်ခတ်ကုန်တော့သည်။ ခွေးညိုကြီးကိုပြေးဆွဲမည်လုပ်တဲ့သူကလုပ် ကလေးဆီပြေးတဲ့သူကပြေးတဲ့သူကပြေး ..။ အော်တဲ့သူကအော် … တုတ်ကိုင်တဲ့သူကကိုင် …။ ခြံဝင်းဂလန့်ထိုးမထားကြဘူးလား …။ နောက်ကျသွားပါပြီ …။ ခွေးညိုကြီးမှာ ကလေးဆီသို့ တရှီန်ထိုးပြေးတော့သည်။ ခါတိုင်းခြံဝင်းသော့ခတ်ထားတာတောင်ခြံရှေ့ သိပ်ပြီးဖြတ်လျှောက်ရဲကြတာမဟုတ်။ သတိနှင့်လျှောက်ကြရသည်။ လူဖြတ်လျှောက်တာနှင့် တဟုန်ထိုးပြေးကာခြံဝင်းတခါးကိုတွယ်တက်ပြီးအတင်းဟောင် ပြီးဆွဲမည့်ကိုက်မည့် ပုံရှိသည်။ အောင်မလေးသေပါပြီ … ဒီတခါတော့ သောက်ကျိုးနဲပြီဟေ့ ….။ ဟာ ။။။။။။။။။။။။။။။။။ ကြည့်.. ကြည့် .ကြည့်ကြပါအုံး … အရီးလေးရေ ခွေးညိုကြီးကပတပ်ရပ်ပြီး ကလေးကိုလျှာနဲ့ရက်နေတယ်တော့ ဘယ့်နှယ်ဟာတုံး ထူးဆန်းပါဘိ..။ အဲတော် ..ဟုတ်ပါရဲ့ ဟဲ့ ဘာငေးနေတာလဲ ကလေးကိုခေါ်လိုက်လေ … […]


fattyJune 27, 20111min34532
ဒီအကြောင်းလေးက တနေရာမှာကျနော်မန်းပြီးသားပါ ….။ ဒါပေမဲ့ သိပ်သတိမထားမိကြဘူး …. king တယောက်တော့ရိပ်မိသွားတယ်ထင်ရဲ့ .. ဦးဖက်နော် အတော်စုံလှပါလား ဆိုပြီး ပြန်ပြောသေးတယ် ..။ တချို့လဲသိချင်သိမယ် တချို့လဲ သိချင်မှသိမယ် ..။ သူငယ်ချင်းတယောက်က သူ့အတွေ့အကြုံပြောပြလို့ကျနော်လဲသိရတာပါ …။ ကိုယ်တွေ့မဟုတ်ပါဘူး ..။ သူငယ်ချင်းက ကုမ္ပဏီတခုမှာ အလုပ်လုပ်တယ်။ သူ့အလုပ်က အင်ပို့ အိပ်စ်ပို့ နဲ့ဆိုင်လို့ မြို့ထဲကိုအမြဲသွားနေရတယ် … ဘဏ်မှာ L/C ဖွင့်မယ် earning ဝယ်မယ် … အစရှိသဖြင်းပေါ့ ..။ အဲတော့မြို့ထဲကိုနေ့တိုင်းရောက်တာပေါ့ဗျာ .. နွေရာသီဆိုရင်တော့ ပိုပြီး ပင်ပန်းတယ် ရာသီဥတုက ပူလွန်းတော့ ဟိုရုံးပြေးဒီရုံးပြေးနဲ့ ချွေးတလုံးလုံးပေါ့ ….။ တခါတခါ မောလွန်းလို့ မြို့ထဲက အဲယားကွန်းရှိတဲ့ဆိုင်တွေမှာ ဝင်နားပြီး […]


etoneMay 16, 20111min630
” ဟိတ်ကောင်မလေး… ခေါ်မကြားအော်မကြားနဲ့ … ငါ့မှာ နောက်က ပြေးလိုက်ရတာ မောလိုက်တာ ” “အန်တီ ဘာကိစ္စရှိလို့လဲ ပြောလေ… ကျမတို့ တခါမှ မတွေ့ခဲ့ဖူးပါဘူး … ။ ” ” အေးဟုတ်တယ်… တခါမှ မတွေ့ဖူးပေမဲ့ ငါက နင့်မျက်နှာကြည့်ရတာ လိမ္မာမဲ့ပုံပေါက်လို့ … ကူညီချင်လို့ဟ…” “ကျမ ဘာအကူအညီမှ မလိုပါဘူး အန်တီရယ်… ။ ” “ခက်တာပဲ… နင်ခုနက ဆေးခန်းထဲမှာ ဆရာမနဲ့ စကားပြောနေကတည်းက ငါလည်း ရှိနေတာ… ။ ဟိုတနေ့က နင့် အဒေါ် ပါလာတာလည်း ငါမြင်တယ်… ။ ဒီမယ် … သေချာနားထောင် … ။ နင့်အဒေါ်ဖြစ်နေတာက ကုမရတဲ့ရောဂါဆိုတော့ ကင်ဆာဖြစ်မယ်… […]


etoneMay 16, 20111min1191
“ဟဲ့… ငါတယောက်လုံးကုပေးနေတာ ဘယ်ဆေးရုံကို တက်ချင်သေးတာလဲ…..။ လိုအပ်လျှင် တက်ခိုင်းမှာပေါ့ … မလိုမှမလိုအပ်ပဲဟာ… နင်တို့ မယုံမကြည်နဲ့ဆိုငါ့ဆီမလာနဲ့ … ။ ” xxxxxxxxxxxxxxxx ” ကြီးတော်ကြီး… ဆရာမစိတ်ဆိုးသွားပြီထင်တယ်…. မဖြစ်သေးပါဘူး …သမီးတို့ ဆရာဆီကိုပဲ သွားပြကြရအောင်နော်…. ။ ” xxxxxxxxxxxxxxx ” ဆရာ …. သမီးအဒေါ်ပါ … လွန်ခဲ့တဲ့ငါးရက်လောက်ကတည်းက တလမ်းကျော်က စနေသမီး ဆရာမဆီ သွားကုတာ… မသက်သာလို့လာတာပါ…. ။ အဲ့ဒီနေ့က ဆရာမလာဘူးထင်လို့ ….” ” ဟိုးတရက်က ဆရာနောက်ကျတယ်….. ဆေးရုံမှာ ဂျူတီရှိလို့ ထင်ထားတာထက်ပို နောက်ကျသွားတာ… ခြောက်နာရီကျော်မှ လာဖြစ်လို့… ။ ကဲကဲ အမေကြီး ခဏလှဲလိုက်ပါဦး… ။ ” ” […]


etoneMay 16, 20111min108
“ဟဲ့… ငါတယောက်လုံးကုပေးနေတာ ဘယ်ဆေးရုံကို တက်ချင်သေးတာလဲ…..။ လိုအပ်လျှင် တက်ခိုင်းမှာပေါ့ … မလိုမှမလိုအပ်ပဲဟာ… နင်တို့ မယုံမကြည်နဲ့ဆိုငါ့ဆီမလာနဲ့ … ။ ” xxxxxxxxxxxxxxxx ” ကြီးတော်ကြီး… ဆရာမစိတ်ဆိုးသွားပြီထင်တယ်…. မဖြစ်သေးပါဘူး …သမီးတို့ ဆရာဆီကိုပဲ သွားပြကြရအောင်နော်…. ။ ” xxxxxxxxxxxxxxx ” ဆရာ …. သမီးအဒေါ်ပါ … လွန်ခဲ့တဲ့ငါးရက်လောက်ကတည်းက တလမ်းကျော်က စနေသမီး ဆရာမဆီ သွားကုတာ… မသက်သာလို့လာတာပါ…. ။ အဲ့ဒီနေ့က ဆရာမလာဘူးထင်လို့ ….” ” ဟိုးတရက်က ဆရာနောက်ကျတယ်….. ဆေးရုံမှာ ဂျူတီရှိလို့ ထင်ထားတာထက်ပို နောက်ကျသွားတာ… ခြောက်နာရီကျော်မှ လာဖြစ်လို့… ။ ကဲကဲ အမေကြီး ခဏ%


etoneMay 16, 20111min1074
  ” ဪ ဘယ်သူတွေများလည်း မှတ်တယ် ဒေါ်ကျင် နဲ့ ဦးတင်တို့ပါလား … ကြွပါရှင် ကြွပါ ကြွပါ …. ” ” မမြအေးရေ … ကျုပ်တို့ ဆေးလာစစ်ရင်း လာတာ ….တစ်ရက်ပဲ တည်းမှာပါ အေ့ …၊ ညည်းလည်း ဝလာလိုက်တာ စီးပွားရေးလည်း ပြေလည်ပုံရတယ် … ။ ” ” ကြီးကြီကျင်ရေ … ကျမသမီးလေး ရန်ကုန်မှာ အလုပ်ရပြီး စုဆောင်းပို့တာရယ် … ကျမ နောက်အိမ်ထောင်ကလည်း ပိုက်ဆံအရှာ တော်တာရယ်ကြောင့် အခုကျမအိမ်မှာနေရင်း ဆိုင်လေး တစ်ဆိုင် ဖွင့် နိုင်နေပြီလေ … ။ စားဖို့ သောက်ဖို့တော့ ချောင်ချောင်လည်လည် ဖြစ်တာပေါ့ … […]


etoneMay 16, 20111min981
  “ကြီးကြီးတို့ ပြန်လာပြီလား … ဆေးစစ်ချက်အရ ဘာဖြစ်တာတဲ့လဲဟင် … ” “ပိုသေချာအောင်  ရန်ကုန်တက်ပြီး စစ်ရမယ်တဲ့ ဟယ် … ” “ရန်ကုန်ဆိုလျှင် မပူနဲ့ … ကျမ သမီးလေး အဆောင်နေတဲ့ အိမ်မှာ သွားတည်း … ကျမရန်ကုန်တက်တုန်းကတောင် အဲ့ဒီမှာ တည်းတာ … အားနာစရာလည်းမရှိဘူးလေ… သမီးက တယောက်တည်းနေပေမဲ့ အခန်းက ကျယ်ပါတယ်… ။ ကျမလိပ်စာရေး ပေးလိုက်မယ်… ဘယ်တော့လောက်သွားမလဲ … ” ”  ဖြစ်နိုင်လျှင် ဒီညနေ ကားလက်မှတ်ဝယ်ပြီး သွားလိုက်ချင်တယ်… ” ” ဟုတ်ပါပြီ ဒါဆို ကျမညနေစာ ထမင်းဗူးလေးထည့်ပြီး သမီးလိပ်စာလေးပါ ရေးပေးလိုက်ပါ့မယ် … ။ ” ” […]


etoneMay 14, 20111min74
“ကြီးကြီးတို့ ပြန်လာပြီလား … ဆေးစစ်ချက်အရ ဘာဖြစ်တာတဲ့လဲဟင် … ” “ပိုသေချာအောင်  ရန်ကုန်တက်ပြီး စစ်ရမယ်တဲ့ ဟယ် … ” “ရန်ကုန်ဆိုလျှင် မပူနဲ့ … ကျမ သမီးလေး အဆောင်နေတဲ့ အိမ်မှာ သွားတည်း … ကျမရန်ကုန်တက်တုန်းကတောင် အဲ့ဒီမှာ တည်းတာ … အားနာစရာလည်းမရှိဘူးလေ… သမီးက တယောက်တည်းနေပေမဲ့ အခန်းက ကျယ်ပါတယ်… ။ ကျမလိပ်စာရေး ပေးလိုက်မယ်… ဘယ်တော့လောက်သွားမလဲ … ” ”  ဖြစ်နိုင်လျှင် ဒီညနေ ကားလက်မှတ်ဝယ်ပြီး သွားလိုက်ချင်တယ်… ” ” ဟုတ်ပါပြီ ဒါဆို ကျမညနေစာ ထမင်းဗူးလေးထည့်ပြီး သမီးလိပ်စာလေးပါ ရေးပေးလိုက်ပါ့မယ် … ။ ” ” အေးကွယ် […]


etoneMay 14, 20111min1105
  ကျမ အစားသောက်ပျက်တာ တော်တော်ကြာပြီလေ … ခံတွင်းပျက်တယ် ထင်ပါရဲ့ .. စားကောင်းမယ်ထင်တာလေးရွေးစားကြည့်တယ် … နည်းနည်းပဲ စားရသေးတယ် ဗိုက်ထဲပြည့်အင့်လာသလို ခံစားရတယ်… ။ ရင်ထဲမှာလည်း မောကြပ်နေတယ်…. ညနေကျမှ ရွာက ဆေးမှူးနဲ့ သွားတိုင်ပင်ရဦးမယ် … ။ ” အရီးလေးဒေါ်ကျင်ပါလား  လာပါ လာပါ … အလည်သက်သက်လား ၊ နေမကောင်းလို့လား … အရီးလေးကို ကြည့်ရတာ ပိန်သွားသလိုပဲ ” ” အေး ဟုတ်တယ် ငါ့တူရေ … အစားသောက်ပျက်နေတာ ကြာနေပြီ အရီးလေးက ခံတွင်းပျက်တာ မဟုတ်ဘူး …  စားလိုက်လျှင် ပြည့်ပြည့်လာတာ … ဗိုက်ထဲမှာလည်း လေလုံးကြီး ပြည့်နေသလိုပဲ … အဲ့လိုဖြစ်နေတာကွဲ့ […]