မြသဲ ( 17082011 )June 28, 20121min26727
၁၉၉၆ လူသိပ်မသိလိုက်တဲ့ အရေးအခင်းလေးအကြောင်းပြောပြချင်လို့ပါ။ အဲဒီတုန်းက ကျွန်မက အာစီတူးမှာ။ တတိယနှစ်တက်နေတာပေါ့ရှင်။ အရေးအခင်း အကြောင်း ဆိုတာထက် ကျွန်မကြုံတွေ့ခဲ့ရတဲ့အပိုင်းလေးပေါ့။ အဲဒီတုန်းကတော့ ဒုက္ခကြီးပေါ့ရှင်။ အခုတော့လဲ ဒီဒုက္ခကအသေးလေးဖြစ်သွားပါပြီ။ အရေးအခင်း မတိုင်ခင် တပတ်လောက်မှာ ကျွန်မတို့မေဂျာက မန ္တလေး ပြင်ဦးလွင် ပုဂံဆိုပြီး ခရီးထွက်ကြတယ်။ ၄ ညအိမ် ၅ ရက်ပေါ့ရှင်။ ဒါပေမဲ့လမ်းမှာကားက ဝက်ဝက်ကွဲ ပျက်တော့ ၅ ညအိပ်( တောင်ငူကလယ်ကွင်းထဲမှာအိပ်ခဲ့ရတာ ) ၆ ရက်ဖြစ်သွားတာပေါ့။ အဲဒါနဲ့ ပြန်ရောက်ပြီးနောက်နေ့ကျောင်းသွားတာပေါ့။ ခရီးသွားလိုက်တာ ပိုက်ဆံကလဲ နဲနဲလေးပဲကျန်တော့တယ်။ ၁၅၀ဝ ပဲကျန်တယ်ထင်တာပဲ။ အိမ်ကလဲနောက်မှပို့မယ်ပေ့ါ။ မှတ်မှတ်ရရ သောကြာနေ့ကြီးပေါ့။ ကျောင်းရောက်တော့ ထုံးစံအတိုင်းစာသင်ခန်းထဲမရောက်ပဲ ခရီးကို စမြုံပြန်နေတုန်းမှာ ကျောင်းသားတွေရုတ်စုရုတ်စုနဲ့။ အောက်က စားသောက်ဆိုင်မှာလဲ ထူးထူးဆန်းဆန်းကျောင်း သားတွေအပြည့်ပဲ။ […]