may flowersJune 9, 20121min27919
သူတို့နောက်ကနေ တစ်စုံတစ်ယောက်လိုက်လာတယ်လို့ခံစားခဲ့ကြရပေမဲ့  အိမ်ကို လည်းရောက်ရော အရက်မူးလာကြတာကတစ်ကြောင်း၊ လူငယ်လည်းလူငယ်ပီပီ နာမ်လောကကို အယုံအကြည်ရှိလှတာမဟုတ်ပဲ  စနောက်ခေါ်ခဲ့ကြတာမို့ စိတ် ထဲသိပ်မထားမိတာကြောင့်တစ်ကြောင်း တို့ကြောင့် ထိုကိစ္စကိုသူတို့သူငယ်ချင်းနှစ် ယောက် မေ့မေ့ပျောက်ပျောက်ပဲနေခဲ့ကြပါတယ်။   ထူးထူးဆန်းဆန်း သူတို့ဒီအခေါက်သစ်ကုန်ပို့တဲ့အခါ ဘာအန္တရာယ်မှမတွေ့ပဲ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေအောင်မြင်ပြီး အမြတ်အစွန်း တော်တော် လေးရ လိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့  သူတို့ဂတိပေးခဲ့တဲ့ ကိစ္စကို လူငယ်ပီပီပါးစပ်ဆော့ပြီးပြောခဲ့မိတာကြောင့်တစ်ကြောင်း ၊ ခုလိုအန္တရာယ် ကင်းစွာအဆင်ပြေခဲ့ကြပေမဲ့  မိမိကံကြောင့်လို့ယုံကြည်ချက်ထားကြတာကြောင့်တစ် ကြောင်းနဲ့   ပြီးတော့ မဖဲဝါကို ဂတိပေးခဲ့ကြတုန်းကလည်း နှစ်ယောက်လုံးမူးနေကြတာ ကြောင့်ကောင်းကောင်းသတိမရကြတော့တာကြောင့် နှစ်ယောက်သားပျော်ပျော်ပါးပါး နဲ့  ကတိပေးတောင်းဆိုခဲ့ကြတာကို မေ့လျှော့နေခဲ့ကြပါတယ်။   ဒီလိုနဲ့မေ့မေ့လျော့လျော့နေလာလိုက်ကြတာ တစ်နေ့ကိုကြီးကျော်တို့ အိမ်ကို…ကိုကြီး ကျော်ရဲ့ အဒေါ်တစ်ယောက်အလည်လာရောက်ခဲ့ပါတယ်။ အဲဒီအဒေါ်ရောက်လာပြီးကို ကြီးကျော်လည်း အဒေါ်ကိုနှုက်ဆက်ကာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ […]


may flowersJune 8, 20121min1318
ကဲ..ခုပြောမဲ့အကြောင်းလေးကလည်း တကယ့်အဖြစ်အပျက်ကို ပြန်ပြောပြမဲ့ ဖြစ်ရပ် မှန်ဆန်းကြယ်အကြောင်းလေးပါပဲ။ ဒါကတော့ ကျွန်မအကိုဝမ်းကွဲ ကိုကြီးကျော်ရဲ့အ ကြောင်းလေးပါ။ ကိုကြီးကျော်ရဲ့ အဖွားနဲ့ကျွန်မရဲ့အဖိုးက မောင်နှမအရင်းတွေမို့  ကိုကြီး ကျော်ကလည်း ကျွန်မတို့နဲ့ဆို ဝမ်းကွဲမောင်နှမတော်ကြပါတယ်။ ဝမ်းကွဲသာဆိုပေမဲ့ အ မျိုးချစ်တတ်တဲ့ ကျွန်မတို့တွေကတော့ တကယ့်မောင်နှမတွေလို စည်းလုံးချစ်ခင်ကြပါ တယ်။ ကိုကြီးကျော်တို့မှာ ညီမမရှိပဲ ညီအကိုချည်း ငါးယောက်တောင်မို့ ဝမ်းကွဲညီမတွေကို ပို ချစ်တာထင်ပါတယ်။ ကိုကြီးကျော်ရဲ့အဖေဟာ ကိုကြီးကျော်အသက်၂ဝ အရွယ် ကိုကြီး ကျော်ရဲ့ညီအငယ်ဆုံးလေး ဆယ်နှစ်သားလောက်မှာရုတ်တရက် ဦးနှောက်သွေးကြော ပြတ်ပြီး  ဆုံးရှာပါတယ်။ အဖေရှိစဉ်က မပူမပင် မကြောင့်မကျနေခဲ့ရပေမဲ့ ကိုကြီးကျော် ရဲ့အဖေ ဆုံးသွားချိန်မှာတော့ ကိုကြီးကျော်ဟာ အကိုကြီး အဖအရာအနေနဲ့  ကိုကြီး ကျော်  ရဲ့အဖေလုပ်သွားခဲ့တဲ့ သစ်ကုန်သည်အလုပ်ကိုဆက်ပြီး လုပ်ကိုင်ရရှာပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့သူလည်းဖြစ်ပြန် […]


may flowersMay 24, 20121min26530
နောက်ပိုင်းမှာတော့ဂါးကြီး၊ ဂါးလေးတို့ကိုဒီအတိုင်းလွှတ်ထားရင် အန္တရာယ်ရှိတာ ကြောင့်တစ်ကြောင်း မိသေးကိုယ်တိုင်ကလည်း  သူ့ယောက်ျားကို သတ်ခဲ့တဲ့ကျွဲ တွေအဖြစ် မုန်းတီးမိတာက တစ်ကြောင်း တို့ကြောင့်အဲဒီ ကျွဲနှစ်ကောင်ကိုဖမ်းပြီးကိစ္စ တုံးလုပ်ပစ်ကြမယ်လို့ဆုံးဖြတ် ခဲ့ကြပါတယ်။ ဒါပေမဲ့ ဂါးကြီး၊ ဂါးလေးကျွဲနှစ်ကောင်ကို ဖမ်းဝံ့တဲ့သူလည်း  မရှိတာကြောင့်သစ်တောကအရာရှိတွေကို  အပ်ပြီးပစ်ခတ်ဖမ်းဆီး ခိုင်းခဲ့ရပါတယ်။ ဂါးကြီးနဲ့ ဂါးလေးကိုပစ်ဖမ်းခဲ့တဲ့အချိန်တုံးက  လိုက်ပါသွားခဲ့ကြတဲ့ရွာ သားတွေရဲ့ပြောစကားအရ  သူတို့အဖွဲ့တွေနဲ့သစ်တောကအရာရှိတွေဟာ တောထဲမှာအ တော်ကြာကြာရှာတာတောင် ဂါးကြီးတို့ညီအကို  နှစ်ကောင်ကိုမတွေ့ကြပါဘူးတဲ့။ အဲဒီ ကျွဲဖမ်းအဖွဲ့နဲ့အတူလိုက်ပါသွားတဲ့ ဆယ့်ကိုးနှစ်သားအရွယ်ကိုသာဆောင့်သားကြီးလေး ဟာ ဘယ်လိုမှရှာမတွေ့ပဲလက်လျော့ရတော့မလို ဖြစ်နေချိန်မှာအကြံပေါက်ပြီး  ရတာမ ရတာ နောက်ထားအခုအဲဒီကျွဲနှစ်ကောင်ကို ခေါ်ကြည့်လိုက်ဦးမယ်လို့ အကြံပေါက်ပြီး ”ဂါးကြီးရေ…ဂါးလေးရေ” လို့ခပ်ကျယ်ကျယ်လေး သုံးလေးခွန်းလောက်ဆက်အော် လိုက်မှသာ  သူတို့မထင်မှတ်ထားတဲ့ ရွှံ့အိုင်တွေထဲမှာဝပ်ပြီးငြိမ်သက်နေကြတဲ့ ကျွဲနှစ် ကောင်ဟာအပြေးလေး  သူ့သခင်ရဲ့သားခေါ်သံကြားရာဘက်ဆီကိုပြေးချလာပါတော့ တယ်။ အနီးနားကိုရောက်ချိန်မှ  သူ့သခင်ရဲ့သားနားကမလှမ်းမကမ်းလောက်မှာ တွေ တွေလေးရပ်ကြည့်နေတုံး  […]


may flowersMay 23, 20121min17617
ဒါနဲ့ ကိုတင်ဆောင်လည်း သူ့ကျွဲတွေခတ်နေတဲ့ဘက်ကိုပြေးသွားမယ် အလုပ်မှာ တဲထဲ မှာရှိတဲ့ သူတွေကမသွားဖို့တားကြပါတယ်။ ကျွဲနှစ်ကောင်ဟာ ခွန်အားလည်းကြီးတဲ့အ ပြင် ဒေါသတကြီးနဲ့အညှိးတကြီးခတ်နေကြတာမို့မသွားဖို့တားနေကြခြင်းပါပဲ။ ဒါပေမဲ့ ကို တင်ဆောင်ကတော့ သူ့ကျွဲတွေကိုသူယုံကြည်ပါတယ်။ ဘယ်တော့မှသူ့ကို အန္တရာယ်မ ပြုဘူးလို့ယုံကြည်ထားတာကြောင့် ဝါးခုတ်သမားတွေနဲ့ တစ်ရွာတည်းသားကျွဲဆွဲသမား တွေကို ပိုင်ပါတယ်ဆိုတဲ့ ပုံစံနဲ့လက်ပြပြီး အချင်းချင်းဒေါသတကြီးခတ်နေကြတဲ့ သူ့ကျွဲ တွေရှိတဲ့နေရာကို ခြေလှမ်းမှန်မှန်နဲ့လျှောက်သွားပြီး.. ”ဂါးကြီး…ဂါးလေး”  လို့အသံကျယ်ကျယ်အော်ခေါ်ပြီးထွက်သွားပါတယ်။ ဒေါသတကြီး ခတ်နေကြတဲ့ ကျွဲနှစ်ကောင်လည်း ကိုတင်ဆောင့်အသံ ကြားချိန်မှာတော့..ချာကနဲ လှည်ကြည့်လိုက်ကြပါတယ်။ ကိုတင်ဆောင်ကလည်းသူခေါ်တာပြန်ကြည့်တဲ့ အတွက် အဆင်ပြေလောက်ပြီထင်ပြီး  အနားကိုကပ်သွားချိန်မှာတော့ … မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခုဟာ  အမျှော်လင့်ပဲဖြစ်လာပါတော့တယ်။ ကိုတင် ဆောင့် အသံကြားလို့လှည့်ကြည့်လိုက်ကြတဲ့ ဂါးကြိီး၊ ဂါးလေး  ကျွဲညီနောင်နှစ်ကောင် ဟာတစ်ခဏတွေကနဲဖြစ်သွားကြပေမဲ့  ရုတ်တရက်သူတို့သခင် ကိုတင်ဆောင်ရှိရာ ဘက်ဆီကို မီးရထားတွဲကြီးအရှိန်ထိုးထွက်လာသလို အရှိန်နဲ့ပြေးဝင်ခတ်ကြပါတော့ တယ်။ […]


may flowersMay 22, 20121min52220
ဆိုခဲ့ပြီးသလို နှစ်၂ဝ ကျော်လောက်နေထိုင်လာခဲ့ပြီး ချိန်မှာတော့ကိုသာဆောင်ရဲ့ အိမ် လေးဟာ တော်တော်ပဲပျက်စီးလာပါတယ်။ အရင်လိုရိုးမတောထဲ သွားပြီးသစ်ကို ခုတ် ချင်တိုင်းခုတ်လို့မရတော့တဲ့အပြင် သားသမီးတွေကလည်းအပြိုင်းပြိုင်းအရွယ်ရောက် ကြီးပြင်းလာကြသလို သူတို့ရဲ့ကျောင်းစရိတ်၊ အဝတ်စားစရိတ် ၊ စားစရိတ်တွေနဲ့ တင် အနိုင်နိုင်မိသားစု ဘဝကိုရပ်တည်နေရတဲ့  အခြေအနေမို့ ဒီနှစ်တော့ဘယ်လိုမှ အိမ် ကိုပြန်ဆောက်ဖို့မဖြစ်နိုင်တာမို့ကိုတင်ဆောင်က  သူ့မိန်းမကိုတိုင်ပင်ပါတယ်။ ”ငါတို့ ဒီနှစ်တော့အိမ်ပြန်မဆောက်နိုင်လောက်ဘူးထင်တယ်…အိမ်ကလည်းလုံးဝကို နေလို့မရလောက်အောင်  ပျက်စီးနေတော့ ..ငါတို့ရွာထဲမှာရှိတဲ့ ..အမေတို့အိမ်ဘေးမှာ အဖီလေးထိုးပြီး..တစ်နှစ်လောက်နေကြရအောင်ကွာ..နောင်နှစ်အိမ်ပြန်ဆောက်ပြီးမှ ပြန်ပြောင်းကြတာပေါ့…”လို့ပြောတော့ ကိုသာဆောင်မိန်းမကလည်းကောင်းပြီပေါ့လေ။ ဒီအကြံကလွဲလို့  ဘာမှမတတ်နိုင်တာလည်းသူမအသိဆိုတော့ကာ။ ဒီတစ်နှစ်လောက် ယောက္ခမအိမ်မှာ ခိုကပ်နေပြီးနောက်နှစ်လောက်မှ စုဆောင်းပြီးအိမ်သစ်လေးပြန် ဆောက်နေတော့မယ်လေလို့တွေးပြီး မိသားစုလိုက်ရွာလယ်မှာရှိတဲ့ ကိုသာဆောင့် မိဘများအိမ်ဘေးလေးမှာ အဖီလေးထိုးပြီးကုပ်ကပ်နေဖို့ဖြစ်လာတာပါပဲ။ တောရွာတွေ မှာ ကလည်းအိမ်တိုင်းလိုလိုမှာ ကိုးကွယ်ရာဘုရားစဉ်လေးဘေးတွေမှာ အိမ်တွင်းနတ် နဲ့ ရိုးရာနတ်ဆိုပြီး ရှိကြ ထားကြပါတယ် ။ […]


may flowersMay 22, 20121min14316
ဒီအဖြစ်အပျက်လေးဟာလည်း တစ်ကယ့်အဖြစ်အပျက်လေးတစ်ခုကို ပိုစ့်အဖြစ်ရေးသားတင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။  ရွာနံမည်နဲ့ လူနံမည်တွေကို တော့ချန်သင့်တာ ချန်ပြီးလွှဲသင့်တာ  လွှဲရေးထားပါတယ်။ကာယကံရှင် မိသားစုတွေဟာလည်း ယခုထက်တိုင် သက်ရှိထင်ရှား  ရှိနေကြပါ သေးတဲ့ အကြောင်းအရာလေးမို့ပါ။   အဖြစ်အပျက်စတင်ရာ ရွာလေးဟာ ပဲခူးရိုးမရဲ့ တောင်ခြေလောက်မှာတည်ရှိပြီး ရန်ကုန် တိုင်းရဲ့မထင်မရှားရွာသိမ်ရွာမွှားလေး တစ်ခုအဖြစ်ရွာနံမည်ပြောရင်တောင်ဘယ်သူမှ မသိနိုင်လောက်တဲ့ ရွာလေးပါ။ အဲဒီရွာလေးမှာ အိမ်ခြေတစ်ရာသာသာလောက်သာ ရှိပါတယ်။ ရွာလေးဟာရွာတန်းရှည်လေးဖြစ်ပြီး ရွာရဲ့အဝင်ဝမှာ ရွာဦးဘုန်းကြီးကျောင်း နဲ့ မူလတန်းကျောင်းလေးကို မြင်ရမှာပါ။ ရွာရဲ့အရှေ့ဘက်မှာတော့ ရှုမဆုံးနိုင်လောက်တဲ့ လယ်ကွင်းပြင်ကြီးနဲ့  ရွာရဲ့အနောက်ဘက်မှာတော့ရှေးလူကြီးသူမတွေရဲ့  ရွာအတွက် ရည်မှန်းပြီး အမြှော်အမြင်ကြီးစွာဖြင့် တူးဖော်ခဲ့တဲ့ ရေကန်ကြီးရှိပါတယ်။ မိုးရာသီမှာတော့ အဲဒီကန်ကြီးကိုဘယ်သူမှ အသုံးမပြုကြပေမဲ့ နွေရာသီ ရေ ခမ်းချိန်ဆိုရင်တော့ အဲဒီကန်ကြီးဟာ တစ်ရွာလုံးရဲ့အားထားရာပါ။ ရွာထဲမှာလိုအပ်တဲ့ သောက်ရေသုံးရေကအစ လို့ ကျွဲ၊နွားတွေအတွက် သောက်ရေပါမကျန် […]