manawphyulayMay 25, 20121min17914
ခေတ်တစ်ခေတ်ရဲ့ခြေလှမ်း လှမ်းအဝင်မှာ ပြောင်းလဲခြင်းတွေ စနေပြီတဲ့ လူအများ ပြောတဲ့စကား ယုံလိုက်ရမလား… ဘတ်စ်ကားစီးရင်း စဉ်းစား ကားလမ်းကြောကလည်း ပိတ်လိုက်တာ ဟိုနားဒီနား စီးတာတောင် နှစ်ညအိပ်သုံးရက် အဝေးခရီးသွားနေသလို ရောက်တဲ့ခရီး ဝမ်းသာအားရ ဆင်းနေစဉ် အမှောင်ကမ္ဘာထဲ စလျှောက်လှမ်းမိ ဟိုက်… ငါတို့ရပ်ကွက် မီးပျက်နေပါလား…. ဒါကြောင့် ပြောင်းလဲခြင်းသဘောတရားပေလား…. ဘတ်စ်ကားခရီးစဉ်ကအစ i Pay card နဲ့ ပြောင်းလဲကျင့်သုံးလာ i Pay Card နဲ့ စီးပြန်တော့ စက်ပျက်နေသတဲ့ စပယ့်ယာအသံ ကြားယောင်ပြန် ဖြည်းဖြည်းလျှောက်ရင် ဝေးဝေးရောက်မယ် စကားများများကိုလည်း မနက်ဖြန်မှ ပြောတော့မယ်….. ၂၄.၅.၂၀၁၂ ည ၉ နာရီ ၃ဝ မိနစ်တွင် ဖယောင်းတိုင်ထွန်းပြီး မနောဖြူလေး ခံစားရေးဖွဲ့သည်။