kaiJune 20, 20101min710
မြန်မာနိုင်ငံ မြိတ်မြို့၊လှည်းဘီးကျောင်း ပရိယတိ္တစာသင်တိုက်ဖြစ်မြောက်ရေးရံပုံငွေတေးဂီတဖျော်ဖြေပွဲအ ဖြစ် ‘မချော၄ယောက်ကိုယ်တယောက် Live Show ကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်၂၀၁ဝမေလ ၂ရက်နေ့ကပြုလုပ်ကျင်းပခဲ့ရာတွင် တေးသံရှင် ခိုင်ထူး၏မိတ်ဆက်ပေးမှုနှင့် ကူညီပေးမှုဖြင့် ဖြူဖြူကျော်သိန်းကိုဂျပန်နိုင်ငံရောက် ရတနာ ပုံနေပြည်တော်သတင်းစာ၏အထူးသတင်း ထောက်ကတွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။ မြန်မာ့တေးဂီတလောကိုဘယ်နှစ်က၊ဘယ်လိုရောက်လာပါသလဲ၊ ၂၀၀၃ခုဩဂုတ်လ၁၆ရက်နေ့ Strand Hotel I.C Showကနေ Iron Cross Band ရဲ့ပထမဆုံးစင်တင်အမျိုးသမီးအဆို တော်အနေနဲ့ မြန်မာ့ဂီတလောကိုစရောက်ခဲ့ ပါတယ်။ ၂၀၁ဝတနှစ်တာအတွက်ဖြူဖြူကျော်သိန်းရဲ့ မြန်မာပြည်နဲ့နိုင်ငံခြား ဖျော်ဖြေရေးအစီအစဉ်ကိုပြောပြပေးပါ။ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ အခုဂျပန်ခရီး စဉ်ပြီးရင် တခြားပြည်တွင်းပြည်ပခရီးစဉ် တော်တော်များများရှိပါတယ်။ဖျော်ဖြေရေး မဟုတ်တဲ့ ခရီးစဉ်အနေနဲ့ မိုးတွင်းမှာ ပြင်သစ်နိုင်ငံကိုထပ်သွားဖို့ရှိတယ်။ အနုပညာသက်တမ်းဘယ်လောက်ရှိပြီလဲ၊ ရနှစ်ပြည့်ခါနီးပါပြီ။ ဆိုပြီးခဲ့သောသီချင်းအရေအတွက်ပေါင်းဘယ်လောက်ရှိသလဲ၊ အချစ်သီချင်းနှင့်ခရစ်ယာန်ဓမ္မသီချင်းပေါင်း၁၀ဝကျော်ရှိပါတယ်။ ရိုက်ပြီးခဲ့တဲ့ကြော်ငြာဘယ်နှစ်ခုရှိသလဲ၊ ၅ခုပါ။ အနုပညာမျိုးရိုးရှိသလား၊ မရှိပါဘူး။ အနုပညာနှင့်လူ ့ဘဝရဲ့ခံယူချက်ဆောင်ပုဒ်က.. ကိုယ်ချစ်တဲ့အနုပညာကိုဖက်တွယ်ပြီးအနု ပညာရှင်အဖြစ် အသက်ရှင်ခွင့်ရတာဘုရား ရဲ့ကျေးဇူးတော်ပါ။ […]