etoneSeptember 20, 20101min860
အဆိုတော် ဖြူဖြူကျော်သိန်း ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် အောက်တိုဘာလ ၉ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို Forever Blossoms မှ စီစဉ်ခြင်းဖြစ်ပြီး ဝင်ခွင့်လက်မှတ်များအား ငွေကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းခွဲဖြင့် သတ်မှတ်ထားကြောင်း သိရှိရသည်။ ထို့အပြင် ဖျော်ဖြေပွဲ အစအဆုံးအား ရိုက် ကူးထားမည်ဖြစ်ပြီး MRTV 4 မှ ပြန်လည်ထုတ်လွှင့် ပြသသွားရန်စီစဉ်ထားသည်ဟု သိရှိရသည်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် Cobra H တီးဝိုင်းမှ တီးခတ်ပေးမည်ဖြစ်ပြီး ဂီတမိတ်၊ တယောဦးတင်ရီအဖွဲ့၊ ယူရေနီယမ်အက အဖွဲ့တို့ကလည်း ဖျော်ဖြေပွဲတွင် အားဖြည့်ပါဝင်သွား မည်ဟု သိရသည်။