uncle gyiDecember 15, 20121min1439
ကျွန်တော်တို့ငယ်စဉ်ကျောင်းသားဘဝတုန်းက နိုင်ငံခြားကလူကြီးတွေလာရင်ကြိုဆိုရေးဆိုပြီးကျောင်းသားတွေကျောင်းစာမသင်ပဲ သွားသွားကြိုရတာ ဘာထောက်ခံပွဲညာထောက်ခံပွဲဆိုလည်းကျောင်းသားတွေကျောင်းကထွက်ပြီးကြိုခဲ့ရတာ ကျောင်းသားဆိုတော့စာမသင်ရပဲအပြင်ထွက်ရတော့ပျော်တာပေါ့နော်   မနေ့ ၁၄ရက်နေ့ မနက်အိပ်ရာထတော့၅နာရီခွဲအိမ်အပြင်ကလူသံဆူညံနေတာကြားလိုက်တော့ဘာများပါလိမ့်ပေါ့ အပြင်ထွက်ကြ်ည့်လိုက်တော့ကျောင်းသားတွေ အားသိပြီဒီဇင်ဘာအားကစားလလှုပ်ရှားမှုစပြီ နောက်အိမ်အပြင်ထွက်ပြီးမေးမြန်းကြည့်တော့မှ နိုင်ငံဖြတ်ကျော်ကားမောင်းပြိုင်ပွဲကားတွေရောက်မှာမို့ကြိုဆိုရေးပါတဲ့ဗျာ   ကျွန်တော်တို့တုန်းကလည်းကြိုဆိုရေးတွေလုပ်ခဲ့ကြပြီးပြီ အခုခေတ်ကလေးတွေလည်းကြိုဆိုရေးလုပ်နေကြပြီ ကျွန်တော်တို့တာဝန်သူတို့ယူနေကြပြီ သူတို့ကကျွန်တော်တို့ဆီကနေလက်ဆင့်ကမ်းတာဝန်ယူသွားကြပြီ ဒီလိုပဲနောင်လည်းလက်ဆင့်ကမ်းကြရအုန်းမှာပါ