ကတ္တရာလမ်းက နွေးနေတယ် ခံစားမှုအသိက ထုံထိုင်းအေးစက်လို့ ဗလာဖြစ်နေတဲ့ ရင်ခွင်တစ်ခုမှာ ခိုနားရာမဲ့ ဝေဒနာတွေကြီးဆိုးနေတယ်.။ တဆာဆာအော်ငိုနေတဲ့ ကလေးတစ်ယောက်လို ငါ့နားကို နှိပ်စက်နေတာမဟုတ်ဘူး။ ကူကယ်မဲ့လက်တစ်စုံက တင်းတင်းကျပ်ကျပ်ဖက်လို့ ဆောင်းညအလွန် လမ်းမနဘေးမှာ ခြေဗလာနဲ့လမ်းကိုလျှောက် မည်းမှောင်နေတဲ့ညရဲ့ တိတ်ဆိတ်မှုက ငါ့အတွက် အကျည်းတန်စေရဲ့ မူးနောက်နောက်အတွေးတစ်ချို့နဲ့ ပါးစပ်ကလွှတ်ခနဲ့ခေါ်မိတဲ့ နာမည်က ဒေါက်တာ..။ ရှေ့ပြေးနမိတ်အနေနဲ့အတိတ်စိမ်းပေးတယ် သွေးစိမ်းရှင်ရှင်ထွက်နေသူကိုမှ အဖြေထုတ် ခပ်နာနာနဲ့ စကားလုံးတစ်ချို့ထွက်ကျလာတယ် သေချာတယ် စေတနာလျော့တယ် ခြေလှမ်းတွေ ယိုင်လဲလုလု ဝေဒနာအစုစု က နှိပ်စက်ကလူပြု ဒါတွေက ပမွှားလေးတွေ ဟော မြင့်မိုရ်တောင်ကို ကိုင်လှုပ်နေကြတယ် သူတို့တွေ သူတို့တွေ မေတ္တာတရားဆိုတာ ဗလာ စေတနာဆိုတာ ဗလာ နွေးထွေးမှုဆိုတာ ဗလာ လျင်မြန်ခြင်းဆိုတာ ဗလာ ဗလာ ဗလာတွေ များတဲ့လောက […]