naungOctober 11, 20111min420
အခု နိုင်ငံတစ်ဝှမ်းလုံးက အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ပြည်သူလူထုရဲ့ ဆန္ဒကို သမ္မတကြီးက အလေးဂရုထားမှုတွေကြောင့် မြစ်ဆုံ ရေကာတာ စီမံကိန်းကြီးကို ခေတ္တရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ် အဲဒီအတွက် ဥပဒေအရ နိုင်ငံနေနဲ့ ဘာတွေရင်ဆိုင်ရမယ်ဆိုတာ (ဥပမာ- လျော်ကြေးပေ့ါ) တွေကို နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ တတ်သိနားလည်သူများက ဆွေးနွေးပေးစေချင်ပါတယ်။ ဒါမှ ပြည်သူတွေနေနဲ့ ဘာတွေကို ကြိုတင် ပြင်ဆင်ထားရမယ်ဆိုတာ သိအောင်ပါ။


koyin sithuOctober 3, 20111min21516
ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို တုံ့ပြန် ပြောဆိုလိုက်သည်။ စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏ အသံကိုအလေးထားပြီး ထိုသို့ […]