True FaithNovember 2, 20101min890
မြစ်သားဘက်မှာ ဆည်ကျိုးပြီး ရွာပေါင်း ၂၁ ရွာဝန်းကျင် လယ်ခင်းနဲ့ လူနေအိမ်ခြေတွေမကျန် ရေလွှမ်းသွားပါတယ်။ ရေပြန်ကျချိန်မှာ နွံတွေ ခါးလယ် ပေါင်လယ်ထိ ကျန်ခဲ့တာ ခုထိပါ။ ရိတ်သိမ်းခါနီး စပါးခင်းတွေ အကုန်ပျက်ကုန်ပြီး လူတွေ စားစရာမဲ့ အတိဒုက္ခ ကြုံနေရပါတယ်။ အဓိက လိုအပ်နေတာက နေ့စဉ်စားဖို့ ထမင်း ဖြစ်ပါတယ်။ ထမင်းရှိရင် ဘာဟင်းမှ မရှိလဲ အသက်ဆက်လို့ ရပါသေးတယ်။ ဆွမ်းလောင်းအသင်းက ငရုတ်သီးကြော် သွားဝေပါတယ်။ ထမင်းကို အနီးအဝေးက စေတနာရှင်တွေ လာရောက် လှူကြတယ်။ အလှူရှင်က ရှိလိုက် မရှိလိုက်ပါ။ ရေလွှမ်းသွားတဲ့ ရွာတွေက များတော့ ရွာတိုင်းစေ့ အလှူရှင်တွေ မနိုင်ပါဘူး။ ရေလွှမ်းခံရလို့ အိုးအိမ် စွန့်ခွာ ထွက်ပြေးသူ တသောင်းလေးထောင်ကျော်ပါတယ်။ ကုန်းမြင့်ရာ ဘုန်းကြီးကျောင်းတွေ […]