mamanoyarJuly 2, 20121min24819
စိတ်အလိုမကျခြင်းအတွက် တစ်ပျစ်တောက်တောက် မြည်တွန်တောက်တီး ခြင်းသည် အလွန်ပင်စိတ်ပျက်စရာ ကောင်းသော အပြုအမူဖြစ်ပါသည်။ လူတိုင်းတွင် စိတ်အားငယ်စရာ၊စိတ်ပျက်စရာ၊ စိတ်အလိုမကျစရာများ အနည်းနဲ့အများဆိုသလို ရှိနေကြပါသည်။ မိမိတစ်ယောက်ထဲ ရှိနေခြင်းမဟုတ်ပါ။ ထိုကဲ့သို့ ကိုယ့်စိတ်အလိုမကျတိုင်း အော်ကျယ်ကျယ်နှင့် မြည်တွန်တော်တီးနေမည်ဆိုလျှင် ကြားရသူတိုင်း စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ မည်မျှပင် ပျော်ရွှင်နေစေကာမူ ထိုကဲ့သို့သော စိတ်ညစ်စရာ မြည်တွန်တောက်တီး မှုများကို ကြားနေရပါက မိမိပျော်ရွှင်မှုများပင် ပျောက်ပျက်ကာ စိတ်နှလုံးမသာမယာ ဖြစ်ရပါသည်။ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသော လူအများစု စိတ်မချမ်းသာဖြစ်ရမည်ကို သတိပြုသင့်ပါသည်။ အချို့သော လူကြီးများသည် မိမိ တွင် ရာထူးဂုဏ်ရှိသည် မည်သူ့မျှ ဂရုစိုက်စရာ မလိုဟုထင်တတ်ကာ မိမိအလိုမကျတိုင်း အော်ငေါက်တတ်သော အကျင့်ရှိပါသည်။ ထိုကဲ့သို့သောနေ့များတွင် မိမိလက်အောက်တွင် အလုပ်လုပ်နေကြသော လူအားလုံး ထိုနေ့အဖို့ စိတ်မချမ်းသာ […]