mgwaloneJanuary 1, 20131min31117
ဒီနေ့ခေတ်မှာ ဆက်သွယ်ရေး နည်းပညာတွေက တိုးတက်၊ ကမာ္ဘကြီးကို ရွာလို့တောင် တင်စား ပြောဆိုနေကြတာဆိုတော့ နို်င်ငံတကာသုံးဖြစ်တဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားက အင်မတန် အရေးပါတယ် ဆိုတာ လူတိုင်းက ပြောနေကြပါပြီ။ ဒါကို မောင်ဝလုံး လက်ခံပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်တို့ မြန်မာနို်င်ငံမှာ တော့ နဲနဲ ပိုလွန်းနေသလားလို့ ဒီစာကို ရေးလိုက်တာပါ။ ခေတ်ကပြောင်းလဲတိုးတက်တာ သိပ်မြန်တယ်။ ပစ္စည်းအသစ်အဆန်းတွေ ကလည်း နေတိုင်းပေါ်။ မောင်ဝလုံးတို့ လိုက်လို့မမီနိုင်လောက်အောင်ကို မြန်နေတာ။ ဒီတော့ ဒီပစ္စည်း အသစ်အဆန်းတွေကို မြန်မာစကားလုံးနဲ့ ခေါ်ဘို့ မရှိတာတွေ များလာပါတယ်။ ဟိုတုန်းက ရေဒီယို ဆိုတာ Radio ဆိုတဲ့ အင်္ဂလိပ် စကားလုံးရဲ ့ အသံထွက်ကို ယူပြီး မွေးစားသုံးရသလိုပါပဲ။ ဒီနေ့ခေတ်မှာ ကွန်ပြူတာ […]