မြသဲ ( 17082011 )June 20, 20121min12822
  ဂုဏ်ယူပါတယ်အမေ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်အမေက အခုအခါမှာတော့ ကမ္ဘာ့အလည်မှာ မြန်မာတို့ရဲ့ ဂုဏ်ကိုထပ်ဆောင်လိုက်ပြန်ပြီ။ Honorary Doctor of Civil Law Dr. Aung San Suu Kyi ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကြီးကို အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် Oxford University ကြီးရဲ့ ချီးမြှင့်ခြင်းကို ခန်းခန်းနားသိုက်မြိုက်စွာလက်ခံရရှိခဲ့ပါပြီ။ အမေ့ရဲ့ကျေးဇူးတင်စကားပြောအပြီးမှာတော့ နိုဘယ်ဆုပေးပွဲတုန်းကလိုပဲ လက်ခုတ်သံတွေကို တော်တော်နဲ့မစဲနိုင် ဘူးဖြစ်ခဲ့ရပါတယ်။ ဘွဲ့လက်ခံယူအပြီးမှာလဲ ဓာတ်ပုံအရိုက်ခံတဲ့အခါမှာလဲ မပြီးနိုင်မစီးနိုင်ပုံပေါင်းများစွာကို ဟိုဘက်လှည့်ပါအုံး၊ ဒီဘက်တိုးပါအုံးနဲ့ရိုက်နေကြတဲ့မြင် ကွင်းကမျက်ရည်တောင်ဝဲခဲ့ရပါတယ်။ ထပ်ဆင့်ဂုဏ်ယူပါတယ်အမေ။