manawphyulayJuly 13, 20121min590
ဗဟုသုတတွေ အများကြီးနဲ့ ပြည်သူ အကျိုးပြုစာပေများရေးသားနိုင်ကြပါစေလို့ မြန်မာပြည်မှ စာရေးဆရာ/ဆရာမများအား တောင်းဆိုခြင်း။ ယခုတင်ပြတာလေးကတော့ မလေးရှားမှ ပေးပို့စာ ဖြစ်ပါတယ်။ စာပေကို မြတ်နိုးပြီး ငတ်မွှတ်နေသူတစ်ဦးလို့လည်း ပြောလို့ရပါတယ်။ စာတွေ ရေးစေချင်တဲ့စိတ်စေတနာအရင်းခံပြီး ရေးပို့ပေးတာပါ။ ပြန်လည် တင်ပြပေးဖို့ တောင်းဆိုတဲ့အတွက် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံလေးတွေကတော့ နည်းနည်းမှားကောင်းမှားမှာပါ။ အဆင်ပြေသလို ဖတ်ပေးကြဖို့ ပြောပါရစေ။ မြန်မာပြည်မှာ ခေတ်ပညာတတ်လူငယ်တွေများလာတာနဲ့အမျှ တိုးတက်မုှတွေ ရှိလာသလို၊ဆုတ်ရုုတ်မုှတွေလည်း ရှိလာကြတာကို မြင်တွေ့ရလို့ အခုလို အကြံပြု တင်ပြရေးသားလိုက်တာပါ ခင်ဗျာ။အထူးသဖြင့် စာရေးဆရာ/ဆရာမ အများစုဟာ အချစ်ကြမ်းကြမ်း၊အလွမ်းတွေပဲ အရေးများပြီး ရောင်းတန်းဝင်ရေးကိုသာ အလေးထားကြတာမို့အခုလို တင်ပြရေးသားရခြင်းပါခင်ဗျာ။ အမှားပါခဲ့ရင် တောင်းပန်ပါတယ်နော်။ကျွန်တော်က စာရေးတာထက် စာဖတ်တာကို ဝါသနာထုံတဲ့ သူပါ ခင်ဗျာ။အထူးသဖြင့် ဗဟုသုတရဖွယ်လေးတွေကို ရှာဖွေဖတ်တဲ့ အကျင့်ကြောင့်ပါ။ […]