lu ta loneApril 29, 20101min63026
အမေ – လူထုဒေါ်အမာ က ကလျာမဂ္ဂဇင်း မှာ ပြောထားတာလေးကို မြန်မာမိန်းခလေးများ သတိပြုမိစေဖို့ ပြန်လည်ရေးသားပေးလိုက်ပါတယ်။ အမေပြောခဲ့တာက ဒီလိုပါ – မြန်မာမတွေရဲ့ အမျိုသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့ အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့ ဝတ်စုံအဖြစ်သတ်မှတ်ရဦးမှာပါပဲ။ ဟိန္ဒူအမျိုးသမီးများကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့အမျိုးသားဝတ်စုံပါပဲ။ ဒါဟာ အခုပြသနာလုပ်နေရတယ်။ အမျိုးသားဝတ်စုံရှိနေချင်သေးလား၊ မရှိချင်တော့ဘူးလားဆိုတာကို ငြင်းခုန်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ် တက်လူမိန်းကလေးတွေက ခါးမှာထမီမဝတ်ကြတော့ဘဲနဲ့ စကတ် တို့ ၊ ဘောင်းဘီ တို့ ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီ မဟုတ်ပဲနဲ့ ထဘီယောင်ဆောင်ထားတဲ့ အဝတ်တမျိုးပါ။ သူက ခါးပေါ်မှာတော့ဝတ်တယ်။ ဒါပေမယ့် ထဘီလို လုံလုံခြုံခြုံ ချီထားဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။ […]