thihayarzarSeptember 19, 20111min938
ယနေ့ မြန်မာ နှင့် ထိုင် U – 19 ဘောလုံးပြိုင်ပွဲ မှာ ကျွန်တော်တို့မြန်မာ  နှစ်ဂိုး တစ်ဂိုး ဖြင့် ရှုံးသွားပြန်ပါပြီ .. မြန်မာဘောလုံးပွဲဆိုရင် မကြည့်တော့ဘူးလို့ ပြောနေကြတဲ့ မြန်မာဘောလုံးချစ်ပရိသတ်တွေကတော့ မျိုးချစ်စိတ်ဓာက် ဘောလုံးဝါသနာပိုးတွေက ဘောလုံးပွဲရှိရင် မနေနိုင် အိမ်မှာတောင် တီဗီကထိုင်မကြည့်ချင် ဘောလုံးကွင်းထဲသွားပြီး အော်ဟစ်အားပေးလိုကရမှာ အားရှိတာ တဲ့ …. ဘောလုံးကွင်းကိုမသွားခင်မိုးလေးကရွှာထားတော့ ရေအိုင်ရင် ပွဲပျက်မလားလို့တောင်ထင်နေတာ .. ကားပေါ်ရောက်တော့ မိုးကတော့ မြန်မာဘက်ကပါနေပြီတဲ့ မိုးရွှာရင်မြန်မာနိုင်ပြီတဲ့ … မရွှာလည်းနိုင်စေချင်ပါတယ် .. မိုးရွှာမှာစိုးလို့ အထူးတန်းလက်မှတ်သွားဝယ်တာ သုံးထောင်တဲ့ .. များတော့များတယ် များလည်းမတက်နိုင်ဘူး ဒီလိုတွေစီစဉ်ပေးတာကိုက တန်နေပြီ … တစ်ချိုကလည်းပိုက်ဆံမပါလို့ နှစ်ထောင်ထားပါတဲ့ .. ဈေးဆစ်နေသေးတယ် .. […]