ခုတလော ပန်းပင်အကြောင်းတွေ ပြောဖြစ်နေတာနဲ့ သိသလောက် မှတ်သလောက်လေး ပန်းပင်လေးတွေအကြောင်း ပြောပြချင်တယ်။ ခုပြောမယ့် ပန်းပင်လေးတွေအကြောင်းကတော့ မြန်မာနာမည်တွေ အတိအကျရှိတဲ့ ပန်းလေးတွေပေါ့။ မြန်မာပန်းလေးတွေဆိုလည်း ခေါ်လို့ရသလို။ အဲသည်ပန်းပင်တွေဟာ အခြားနိုင်ငံတွေမှာလည်းရှိတော့ သူတို့ခေါ်သလို  အခြားနာမည်တွေလည်း ရှိကြမှာပါ။   ဗုဒ္ဓံသရဏံပန်း တစ်နေ့က ဖေ့ဘွတ်က မကြီးခင်ဇော်ရဲ့ ပို့စ်တစ်ခုမှာ ဗုဒ္ဓံသရဏံပန်းဆိုတာ ဘယ်လိုဆိုတာ သွားမန့်ဖြစ်လိုက်သေးတယ်။  ကျွန်တော်သိခဲ့တာ ငယ်ငယ်လေးကတည်းကပေါ့။ ကျွန်တော်တို့ရပ်ကွက်မှာ ငယ်ငယ်တုန်းက လယ်ကွင်းတွေရှိခဲ့တယ်။ ကလေးကစားဖို့ ဘောလုံးကန်ဖို့အတွက်တွေပေါ့။ ရေစပ်စပ်ရှိတဲ့နေရာတွေ မှာဆို ဗုဒ္ဓံသရဏံအပင်တွေဟာ အလေ့ကျကို ပေါက်နေတာ။ ပန်းတွေပွင့်ပြီဆို ဝေလို့ လှလို့။ အဲသည်ကတည်းက ဗုဒ္ဓံသရဏံဆိုတာ သိခဲ့ရတာ။ ရေကြိုက်ပြီး ရေစပ်စပ်ရှိတဲ့နေရာတွေမှာ ပိုမိုပေါက်ရောက်ပါတယ်။ အခုတော့ အဲသည်လယ်ကွင်းတွေလည်း ရပ်ကွက်လူကြီးနဲ့  စည်ပင်ဘယ်လို ရိုက်စားလုပ်လည်းမသိပါဘူး တိုးချဲ့လိုလို […]