ရွှေအိမ်စည်October 17, 20121min19620
ကျော်ကြားသူတွေရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေက နိုင်ငံတကာဖက်ရှင်လောကကို လွှမ်းမိုးနေတာမှာ နာမည်ကျော် သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေရဲ့ ဖက်ရှင်တွေသာမက နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ ဇနီးတွေ၊ နိုင်ငံ့အကြီးအကဲ အမျိုးသမီးတွေရဲ့ ဖက်ရှင်တွေဟာလည်း ဖက်ရှင်ချစ်သူ အမျိုးသမီးထုတွေကို ကိုင်လှုပ်နေတာပါ။ အမေရိကန်နိုင်ငံမှာကတော့ အိုဘားမား သမ္မတဖြစ်လာပြီးတဲ့နောက် သူ့ဇနီး မစ်ရှဲလ်အိုဘားမားရဲ့ ဖက်ရှင်တွေဟာ သရုပ်ဆောင်၊ မော်ဒယ်လ်တွေရဲ့ ဖက်ရှင်တွေကို တမဟုတ်ချည်း ကျော်လွှားသွားပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ နိုင်ငံရေးကျော်ကြားမှုကိုတောင် လွှမ်းမိုးသွားပြီး ရေပန်းစားထင်ရှား ပြောစမှတ်များရလေတယ်လို့ ဖက်ရှင်လောကက သတ်မှတ်ထားပါတယ်။   ဘယ်ပွဲမှာတော့ မစ်ရှဲလ်အိုဘားမားက ဘယ်လိုဒီဇိုင်း၊ ဘာအရောင်ကို ဝတ်တာမှာ ဘယ်လို ကျက်သရေရှိလိုက်တာ ဆိုတာမျိုးတွေကလည်း သူတို့ ဖက်ရှင်လောကမှာ ပွက်လောညံလေ့ရှိတဲ့ လူစိတ်ဝင်စားမှုအခံရဆုံး သတင်းပါပဲ။   ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူဝတ်လေသမျှ ပွဲတက်ဂါဝန်ရှည်ကြီးတွေ၊ ပေါ့ပေါ့ပါးပါး ဝတ်စုံတွေနဲ့ […]