Swal Taw YwetApril 14, 20175min2934
မင်္ဂလာပါခင်ဗျာ ဒီနှစ်လည်း ကာတာနိုင်ငံ ဒိုဟာ မြို့ရောက် မြန်မာများရဲ့ အမိမြေအလွမ်းပြေ မြန်မာ့ရိုးရာ အတာ သင်္ကြန်ကို ၁၄ ဧပြီ ၂၀၁ရ မြန်မာသင်္ကြန် အကျနေ့ သောကြာနေ့ မှာ စုစည်း ကျင်းပ ခဲ့ကြပါတယ်။ Face book Group – Myanmar Society ( Middle East ) ကနေတဆင့် စည်းရုံး လှုံ့ဆော်ခဲ့ကြလို့ ဒီနှစ် လူအသစ်တွေ အများကြီး ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ စုစုပေါင်း ခန့် မှန်းခြေ ၁၅ဝ လောက် လာရောက်ဆုံဆည်းခဲ့ပါတယ်ခင်ဗျာ။ အလုပ်ခွင်ဝင်ရမယ့်သူတွေ စောစောလာ စောစောပြန်၊ မရောက်ဘူးသေးသူတွေက ဟိုမေးဒီစမ်း ဖုန်းတွေတကြော်ကြော်ခေါ်ရတာမို့ နောက်ကျမှ ရောက် အဝင်အထွက်တွေ လွဲနေကြပေမယ့် ရောက်သူတိုင်းတော့ ပျော်ခဲ့ကြရပါတယ်။ […]