CPI-2011-Map-600x424.jpg

winterkoeApril 18, 20123min33670
မလေးရှားက Lim Kok Wing University ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်အဆင့်အတန်းသတ်မှတ်ချက်က မျှော်လင့်ထားတာထက် နိမ့်ကျနေပြီး အဲဒီအချိန်မှာအိမ်နီးချင်း စင်္ကာပူကျောင်းသားတွေကအရမ်းမြင့်နေပါတယ်။ အဲဒီတော့ အဲဒီအဆင့်အတန်းသတ်မှတ်ချက်နိမ့်ကျနေမှုနဲ့ပတ်သက်ပြီး Lim Kok Wing University က Founder ဖြစ်တဲ့ Lim Kok Wing ကစကားတခွန်းပြောပါတယ်။ Digits (ကိန်းဂဏန်း) တွေက ဘယ်တော့မှမလိမ်ကြပါဘူး…ဆိုပြီး သူ့တက္ကသိုလ်မှာအားနည်းချက်တွေရှိနေပါတယ်လို့ ဝန်ခံပါတယ်။ မြန်မာနိုင်ငံကလဲ ကောင်းတဲ့စစ်တမ်းတွေအားလုံးမှာအောက်ဆုံးရောက်၊ မကောင်းတဲ့စစ်တမ်းတွေအားလုံးမှာ ထိပ်ပိုင်းမှာဂျောင်းဂျောင်းပြေးနေပါတယ်။ အဲဒါတွေရဲ့မမြင်ရတဲ့ ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။ အဲဒါနိုင်ငံရေးအတွက် အသုံးချသွားတော့ ကိန်းဂဏန်းတွေနဲ့မရင်းနှီးကြတဲ့ မြန်မာတွေအများစုက အဲဒီမကောင်းမှုကြီးကို Reform and Upgrade လုပ်ရမယ့်အစား Preserve လုပ်ဖို့ကြိုးစားနေကြရင်း မြန်မာနိုင်ငံကိုမွဲသထက်မွဲ၊ ဂုဏ်သိက္ခာမဲ့သထက်မဲ့အောင် လုပ်နေမိကြပါတယ်။ နိုင်ငံပေါင်း […]