kyawmonkhantFebruary 3, 20125min1076
ရွှေကျောင်းကြီးလို့လဲ ခေါ် မင်းတုန်းမင်း နန်းတော်ဆောင်ကြီးကို ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းခဲ့လို့ ရွှေနန်းတော်ကျောင်းလို့လဲ ခေါ်တဲ့ ကျောင်းတော်ကြီးကို ဒီကနေ့ (၃-၂-၂၀၁၂) ညနေမှာ ရောက်ဖြစ်ခဲ့ပါတယ်။ မူလကတော့ ကျောင်းတော်ကြီးတကျောင်းလုံးကို ရွှေချထားတာပါ။ ဒါကြောင့် ရွှေကျောင်းကြီးလို့ ခေါ်တာဖြစ်ပါတယ်။ အပြင်ဘက်ကတော့ယခုမြင်ရတဲ့အတိုင်းရွှေရောင်မရှိတော့ပါဘူး။ သေချာဂရုစိုက်ကြည့်ရင်တော့ အမိုးအခြေနားမှာတော့ ရွှေစလေးတွေကျန်ပါသေးတယ်။ အတွင်းပိုင်းမှာတော့ ရွှေချထားတဲ့ အတိုင်းကျန်ပါသေးတယ်။  ကျောင်းတော်ကြီးရဲ့ အနုစိတ်လှတဲ့ သစ်သားပန်းပုလက်ရာတွေကို မရောက်ဖူးသူများ ခံစားနိုင်ရန် ဓာတ်ပုံရိုက်ပြီး မျှဝေလိုက်ပါတယ်။ တခုပြောဖို့ကျန်သေးတယ်။ ဒီနေ့ မနက်က မန်းဂဇက် အလှူအတွက် ကိုပေါက်ထံ အလှူငွေတတ်နိုင်သလောက် (အများကြီးမဟုတ်ပါ) ထည့်ဝင်ဖြစ်ပါတယ်။ လှူဖြစ်အောင်ကူညီတဲ့ အတွက် ကိုပေါက်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ သာဓုခေါ်ကြပါရန်။ (၁) (၂) ကျောင်းတော်ကြီး အနောက်ဘက်ကအောက်ချေနဂါးရုပ်များ (၃)အမိုးပေါ်က အနုစိပ် လက်ရာတွေ (၄) […]