လင်းဝေFebruary 10, 20121min33814
တော်တော်တော့ လွဲနေပါပြီကော။ နိုင်ငံခြားသား က ကျူးလွန်တာကို အရေးယူဖို့ ရဲအရေးမပိုင်ဘူး ဆိုတာ ဘယ်ဥပဒေမှာတုန်း။ တကယ်လား… တကယ်ဆိုရင် လက်ရှိလွှတ်တော်ကျင်းပနေတုန်း အခုချက်ချင်းဖျက်တာ ပြင်တာလုပ်စမ်းပါ အဲဒီ ဥပဒေကို။ လုပ်စမ်းပါဦး ဦးသိန်းညွန့်ရယ်၊ ဦးရွှေမန်းရယ်။ ဥပမာ ဆိုပါတော့ နိုင်ငံခြားသား က ကိုယ့်ကိုသတ်မလို့ လုပ်နေတာကို ရဲခေါ်လိုက်တယ်။ ရဲကလာပြီး သူတို့ ရဲအရေးမပိုင်တဲ့ အမှု ဆိုပြီး ပြန်သွားမှာလား။ ဥပဒေ နားလည်ကျွမ်းကျင်သူများက ရှင်းပြတာကို နာခံချင်ပါရဲ့။ ဘယ်အကြောင်းကြောင့် ဒါကို ပြောနေရသလဲ ဆိုတာ က အခုရက်ပိုင်းဖြစ်သွားတဲ့ အောခစ်ဟိုတယ် က မိန်းကလေးကို ပါးရိုက်တဲ့ ဂျပန် ကြောင့်ပါပဲ။ ဂျပန်တစ်ယောက်က ညဘက် ဟိုတယ်ကို ကြက်မ ခေါ်လာတဲ့အတွက် ဧည့်ကြိုကောင်တာက စစ်ဆေးတဲ့ […]


လင်းဝေJanuary 18, 20121min28220
ဒီခေါင်းစဉ်ကိုစဉ်းစားမရခင် ကပေါက်တိကပေါက်ချာဂေဇက်လို့ ပဲ ပေးလိုက်ရမလား လို့ စိတ်ကူးမိသေးတယ်။ ကပေါက်တိ ကပေါက်ချာ ဂေဇက် ဆိုတာ ဟိုတုန်းက မဟေသီမှာ ဆရာသိမ်းတင်သား(ခ) ကိုကြွက်နီ ရေးခဲ့တဲ့ ပင်တိုင်အခန်းကဏ္ဍပါ။ ကြိုက်လွန်းလို့ အမြဲတမ်း မဟေသီမှာ စောင့်ဖတ်ရတယ်။ သို့သော်လည်းပဲ ကပေါက်တိကပေါက်ချာဂေဇက် အခန်းက သူ့အမည်နဲ့ လိုက်စွာ လတိုင်းပါချင်မှ ပါတာပါ။ မပါတဲ့လ ဆို မဟေသီမဂ္ဂဇင်းထဲ ဖင်ပြန်ခေါင်းပြန်ရှာ မာတိကာကို အခါခါပြန်ဖတ်ပြီး အင်း မပါဘူးဆိုပြီး တစ်အုပ်လုံးတောင်ဖတ်ချင်စိတ်မရှိတော့တာမျိုးလည်း ရှိဖူးပါတယ်။ ( ဖူး နဲ့ ဘူး ကို အသုံးပြုနည်း သတိချပ်ရန် သတိပေးဖို့ စာလုံးပေါင်းသတ်ပုံဌာနကို သတိပေးပါသည်။) သိမ်းတင်သားရဲ့ အရေးအသားက အလွန်မှကိုကောင်းတဲ့ သရော်စာ အရေးအသားပါ။ ကျနော်သိသလောက်တော့ မြန်မာစာပေမှာ သူ့လိုရေးပုံမျိုး […]