“အင့်”… “ခွပ်” ဆက်တိုက်ဆိုသလို ကျနော်လဲ ယိုင်သွားပြီး ဟန်ချက်မနည်းထိန်းလိုက်ရပါတယ်။ စကားပြောလက်စ ကျနော်ဖုန်းကတော့ မြေပြင်ပေါ်မှာ ။ “ဟာ..ဆောရီး အကိုရာ ဆောရီး” ။ကောင်လေးကအတင်းတောင်းပန်ရင်း ကျနော်ကိုတော်တော် အားနာနေပုံပါ။ တောင်းပန်တာက ကောင်လေး တိုက်လိုက်တာက ကောင်မလေး။ တစ်မျိုးပါပဲလား။ သူငယ်မကတော့ မတောင်းပန်တဲ့အပြင် ဂျိုကြည့် ကြည့်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားပါကရောလား။ ကျနော်လဲ သူငယ်ချင်းဆေးခန်းလာပြတဲ့ လူနာတွေဆိုတော့ “အိုကေ ညီလေး ရတယ် ” ပြောပြီး သူငယ်ချင်းရှိရာ ဆေးခန်းတွင်းသို့ ဝင်လိုက်ပါ၏။ စိတ်ထဲမှာတော့ တင်းနေတာ မိုးလင်းကတည်းက..။ “ဟ..ငါ့ကောင်လူဆိုး ပျောက်ချက်သာားကောင်းလှချည်လား။ မျက်စိလည်လာတာတော့ မဟုတ်ပါဘူးနော ” “အေးမင်းဆီလာရတာလဲ ဗေဒင်တွေထဲက ပြသာဒါးပဲ..။ ကားပျက်လို့ ဝပ်ရှော့ထိုးပြီး မင်းနဲ့တွေ့ဖို့လာပါတယ် အဝင်ဝမှာတင် ဟိုလူနာ ၂ ယောက်တိုက်လို့ […]