VisesaOctober 7, 20101min4082
မြန်မာ(၁၂)လရာသီပွဲတော်(၇) သီတင်းကျွတ်လ၊ မီးထွန်းပွဲတော်၊ အဘိဓမ္မာ အခါတော်နေ ့နှင့်  ပဝါရဏာပွဲ။ မြန်မာ(၁၂)လရာသီတွင် သီတင်းကျွတ်လသည် (၇)လမြောက်ဖြစ်ပါ်သည်။ခရစ်နှစ်အားဖြင့်မူ စက်တင်ဘာ၊ အောက်တိုဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။သီတင်းကျွတ်လကို ရှေးအခါက “သန်တူလ” ဟူ၍လည်း ခေါ်လေ့ရှိကြပါသည်။“သန် – ကောက်စပါး ၊ တူ – ထူသည်၊ ထောင်သည်၊မတ်သည်။” -ဖြစ်၍ ၊ “ကောက်စပါးများ ထောင်မတ်သော လ” -ဟု ဆိုကြပါသည်။မြန်မာနိုင်ငံအရပ်ရပ် လယ်မြေတစ်ခွင်၌ ၊ မိုးရေဓါတ် ပြည့်ဝခဲ့သော ကြောင့် ရှင်သန်ကြီးထွားလာသော ကောက်နှံစပါးပင်တို ့သည် မြစိမ်းကမ္ဗလာ လွှမ်းသည့်နှယ် မြသားရောင်ခြယ် လျက် တင့်တယ်လှပနေချိန် ဖြစ်ပါသည်။ “သီတင်းကျွတ်”-ဟူသောအမည်မှာ “ ရဟန်းတော်များ တစ်နေရာတည်းတွင် ဝါဆိုသီတင်းသုံးနေရာမှ ကျွတ် လွတ် လွန်မြောက်သောလ”-ဟုဆိုလိုပါသည်။ မိုးတွင်းကာလကို အထူးပြု၍ […]